ဗုံးသီးဟောင်း ၁ လုံးအားထုမိရာမှ ပေါက်ကွဲပြီး ကလေးငယ် ၁ ဦးနှင့် ကိုရင် ၁ ပါး ထိခိုက်ဒဏ်ရာရရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဗုံးသီးဟောင်း ၁ လုံးအားတွေ့ရှိသဖြင့် ထုမိပေါက်ကွဲရာမှ ကလေးငယ် ၁ ဦးနှင့် ကိုရင် ၁ ပါး ထိခိုက်ဒဏ်ရာများရရှိ
===============
နေပြည်တော် ၊ အောက်တိုဘာ – ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ ကောင်းကလော့ကျေးရွာအုပ်စု၊ ငေါ့စပစ်ကျေးရွာနေ မောင်အိုက်နေ(ဘ)ဦးအိုက်လန်းနှင့် ကိုရင် ဩဝါဒ(ဘ)ဦးအိုက်ထသဲတို့ ၂ ဦးသည် အောက်တိုဘာ ၈ ရက် နေ့လယ် ၂ နာရီခန့်တွင် ငေါ့စပစ်ကျေးရွာ၏အနောက်ဘက် လက်ဘက်ခြံ၌ ဗုံးသီးဟောင်း ၁ လုံးအားတွေ့ရှိသဖြင့် နေအိမ်သို့ယူဆောင်ခဲ့ပြီး ထုမိပေါက်ကွဲရာမှ ၎င်းတို့ ၂ ဦးတွင် ဗုံးသီးစထိမှန်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဗုံးသီးစထိမှန်ဒဏ်ရာရရှိသူများအား လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။http://dsinfo.org/node/556


Spread the love
  •  
  •  
  •  
  •  
  •  
  •