ဗြိတိန်နိုင်ငံတွင် ဆိုက်ကပ်ထားသည့် သင်္ဘော (၉) စင်းမှ မြန်မာသင်္ဘောသားများ ပြန်လည်ပို့ဆောင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဗြိတိန်နိုင်ငံတွင် ဆိုက်ကပ်ထားသည့် သင်္ဘော (၉) စင်းမှ မြန်မာသင်္ဘောသားများ ပြန်လည်ပို့ဆောင်

(၂၁-၆-၂၀၂၀ ရက်၊ လန်ဒန်)

COVID-19 ကြောင့် ဗြိတိန်နိုင်ငံရှိ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ထားသည့် သင်္ဘော (၉) စင်းပေါ်နှင့် ဘရာဇီးလ်နှင့် ဂျာမနီတို့တွင် တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာရန် စောင့်ဆိုင်းနေသည့် မြန်မာသင်္ဘောသား/သမီး (၁၇၈) ဦး၊ ဗြိတိန်နှင့် အိမ်နီးချင်း ဥရောပနိုင်ငံများတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ဖြစ်နေသည့် မြန်မာ နိုင်ငံသား (၇၂) ဦး၊ စုစုပေါင်း (၂၅၀) ဦးတို့အား မြန်မာသံရုံး၊ လန်ဒန်မြို့၏ စီစဉ်မှုဖြင့် ၂၁-၆-၂၀၂၀ ရက်နေ့တွင် ကာတာလေကြောင်းမှ လေယာဉ်စင်းလုံးငှား၍ လန်ဒန်မြို့မှ ရန်ကုန်မြို့သို့ ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ် တိုက်ရိုက် ပျံသန်းခဲ့ပါသည်။

ထိုသို့ပြန်လည်စေလွှတ်နိုင်ရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့မှ လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်လိုက်ပါသွား ကြသည့် မြန်မာနိုင်ငံသား များအား မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း နှင့် သံရုံးမှတာဝန်ရှိသူများ၊ ဒေသခံမြန်မာများနှင့် ပြည်ထောင်စုမြန်မာ နိုင်ငံသားများအသင်း (ယူကေ) တို့က လန်ဒန်မြို့၊ ဟီးသရိုးလေဆိပ်တွင် ပို့ဆောင်၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။

Source – MOFA


Spread the love
  •  
  •  
  •  
  •  
  •  
  •