“ဗြိတိသျှကမ္ဘာလှည့်ခရီးသွားတွေ ပြင်သစ်ပြည်အဲ့လ်ပ် တောင်တန်းမှာ ကွာရန်တင်း ဝင်နေရ”  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ဗြိတိသျှကမ္ဘာလှည့်ခရီးသွားတွေ ပြင်သစ်ပြည်အဲ့လ်ပ် တောင်တန်းမှာ ကွာရန်တင်း ဝင်နေရ”

January 23,2021

ပြင်သစ်ပြည်အဲ့လ်ပ် တောင်တန်း
အပန်းဖြေစခန်းတခုမှာတည်းခိုနေထိုင်နေတဲ့
ဗြိတိသျှကမ္ဘာလှည့်ခရီးသွားအုပ်စုတခုမှ အနည်းဆုံးလူ၁၄ယောက်မှာ ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ရောဂါ ကူးစက်နေတာကို စမ်းသပ်
စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဒေသခံအရာရှိတွေက သောကြာနေ့ကပြောဆို
ခဲ့ပါတယ်။သူတို့တွေ နိုင်ငံထဲကိုဝင်ရောက်လာစဉ်စမ်းသပ်စစ်ဆေး
ရာမှာတော့ ဘာရောဂါလက္ခဏါမှမပြသခဲ့ဘူးလို့သိရ
ပါတယ်။
ဒီကမ္ဘာလှည့်ခရီးသွားတွေဟာ ဥရောပ
တလွှားကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့တဲ့
အင်္ဂလန်နိုင်ငံမှာစတင်တွေ့ရှိခဲ့သော ကူးစက်မြန် မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်(စ်)ပိုး
ကူးစက်တာလားဆိုတာသိရအောင် ဆက်လက်
စမ်းသပ်စစ်ဆေးနေဆဲဖြစ်ပါတယ်။
ဒေသဆိုင်ရာARSကျန်းမာရေး အာဏာပိုင်အဖွဲ့က ၂၆ယောက်ပါဝင်တဲ့အုပ်စုတစုကိုစမ်းသပ်
စစ်ဆေးမှုပြုလုပ်ခဲ့ရာမှာ ၁၄ယောက်အထိရောဂါပိုးကူးစက်နေတာကိုတွေ့ရှိရခြင်းဖြစ်ပြီး နောက်ထပ်ရလဒ်တွေထွက်ပေါ်လာစရာရှိနေသေးတယ်လို့ဆိုပါတယ်။
ပြင်သစ်ပြည်အယ်လ်ပိုင်းရဲ့ ဗဟိုအချက်အချာဒေသ ‘ချာမိုနစ်’ အနီးမှာရှိတဲ့
ဗော်လာစင်း အပန်းဖြေစခန်းမှာ နေထိုင်ရင်း
သူတို့ကို ကွာရန်တင်းဝင်ခိုင်းထားပါတယ်။
တခြားသူတွေနဲ့ထိတွေ့ဆက်ဆံခြင်းမရှိပဲ
သူတို့ကိုသီးခြားခွဲထားပြီးနေထိုင်ရန် ရဲများက
သေချာစောင့်ကြပ်ကြည့်ရှုနေကြပါတယ်။
အခုအချိန်အထိတော့ဘယ်သူ့ကိုမှ ဆေးရုံကိုပို့ဆောင်ထားခြင်းမရှိသေးပဲ သီးခြား
ခွဲထားပြီးစောင့်ကြပ်ကြည့်ရှုပေးတဲ့ စည်းမျဉ်း
တွေအတိုင်းဆောင်ရွက်ထားတယ်လို့ ထိုဒေသက စီရင်စုနယ်အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။အစုလိုက်အပြုံလိုက်ရောဂါကူးစက်မှုမဖြစ်ပွါး
စေရန်အတွက် ရောဂါကူးစက်နေသူတွေနဲ့ ထိတွေ့ဆက်ဆံမှုရှိသူတွေအားလုံးရဲ့လမ်းကြောင်းကိုလိုက်လံစုံစမ်းမှုတွေအပြည့်အဝကြိုးပ်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
“UKမျိုးဗီဇပြောင်းဗိုင်းရပ်(စ်)ဟာသေဆုံးမှုနှုန်း
ပိုများပြားနိုင်”
UKမျိုးဗီဇပြောင်းဗိုင်းရပ်(စ်)လို့ခေါ်ဆို
နေကြတဲ့ကိုရိုနာဗိုင်းရပ်(စ်) မျိုးဗီဇပြောင်း
ဗိုင်းရပ်(စ်)ဟာ ကူးစက်မှုနှုန်းပိုမိုမြန်ဆန်သည့်အပြင် သေဆုံးမှု
နှုန်းလည်း ပိုမိုများပြားနိုင်ကြောင်း အထောက်အထားအချို့တွေ့ရှိထားတယ်လို့
ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က
သောကြာနေ့ကပြောဆိုခဲ့ပါတယ်။
ခုချိန်အထိ ပြင်သစ်ပြည်မှာ မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်(စ်)ကို ၁ရာခိုင်နှုံးကနေ ၂ရာခိုင်နှုန်းအထိသာ တွေ့ရှိရသေးပေမဲ့ အာဏာပိုင်တွေက ဒီပိုးတွေ့
ရှိမှုဟာတိုင်းပြည်ရဲ့ကျန်းမာရေးအခြေအနေကို ပိုပြီးဆိုးဝါးလာစေနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။
“ဒီမျိုးဗီဇပြောင်းဗိုင်းရပ်(စ်)ပိုး ကူးစက်ပြန့်ပွါးမှုသိသိသာသာတိုးလာခဲ့ရင်တိုင်းပြည်မှာလော့ခ်ဒေါင်းချထားမှုအသစ်ထပ်မံဆောင်ရွက်ရဖို့ မဖြစ်မနေလိုအပ်လာလိမ့်မယ်လို့ ပြင်သစ်ကျန်းမာရေးဝန်ကြီး အော်လီဗီယာ ဗာရန် ကကြာသပတေးနေ့က သတိပေးခဲ့ပါတယ်။
ဒီကမ္ဘာလှည့်ခရီးသွားအုပ်စုရဲ့ အလည်အပတ်ခရီးစဉ်ရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ပြင်သစ်Bleu ရေဒီယိုကတော့ သူတို့ဟာ ကျောင်းသား
တွေဖြစ်ကြတယ်လို့ဆိုပါတယ်။
ပြင်သစ်ပြည်မှာလတ်တလော အခြေအနေအရ အယ်လ်ပိုင်းဒေသမှာနှင်းလျှောစီးဖို့ဟာမဖြစ် နိုင်သလောက်အခြေအနေမှာရှိပါတယ်။ဗိုင်းရပ်(စ်)ကူစက်ပြန့်ပွါးမှုကို ကာကွယ်ရန်နှင်းလျှောစီးစခန်းတွေပိတ်ထားပါတယ်။
ဒါပေမဲ့ဟော်တယ်တွေတော့ဖွင့်ထားဆဲ ဖြစ်ပြီး ဆောင်းရာသီလှုပ်ရှားဆောင်ရွက်ချက်
တွေဖြစ်တဲ့ ဆီးနှင်းဖိနပ်နဲ့နှင်းလျှောစီးခြင်း၊ပြည်တွင်းမှာ ဘုတ်ပြားတွေနဲ့နှင်းလျှောစီးခြင်းတွေ ကိုတော့ ဆက်လက်ခွင့်ပြုထားပါတယ်။

Ref:(FRANCE-24 With AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •