ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးအတွင်းဝန် COVID-19 နှင့်သေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးအတွင်းဝန် COVID-19 နှင့်သေဆုံး။

ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးအတွင်းဝန် Abdullah Al Mohsin Chowdhury ဟာ Covid-19 နဲ့ ဆေးရုံတက်နေရာကနေ ဒီနေ့ တနင်္လာနေ့မှာ ဒါကာမြို့တော်မှာ သေဆုံးသွားပါတယ်။

သူဟာ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးအတွက် ဒုတိယတာဝန်အရှိဆုံးလူပါ။ ပထမတာဝန်အရှိဆုံးကတော့ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာပါ။

သူဟာ မေလ 29 ရက်နေ့မှာ ဆေးရုံတက်ခဲ့ပြီး ဇွန်လ 6 ရက်နေ့မှာ Covid posititve တွေ့ခဲ့တာဖြစ်ပါတယ်။

ဇွန်လ 18 ရက်နေ့မှာ ICU အထူးကြပ်မတ်ကုသဆောင်ကို ရွှေ့ပြောင်းခဲ့ရပြီး ဒီနေ့မှာတော့ နှလုံးရပ်ကာ သေဆုံးသွားတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ Covid-19 အခြေအနေက အတော့်ကိုဆိုးနေပါတယ်။ ဒီနေ့အထိ စုစုပေါင်း137787 ယောက်တွေ့ထားပြီး 1738 ယောက်သေဆုံးသွားပြီဖြစ်ပါတယ်။

Richard Myo Thant
29-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •