ဘင်္ဂလားဒေ့ရှ်တွင် ကူးတို့ရေယာဉ် နစ်မြုပ်မှုကြောင့် လူ ၃၀ ကျော်သေဆုံး၊အများအပြားပျောက်ဆုံးနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဘင်္ဂလားဒေ့ရှ်တွင် ကူးတို့ရေယာဉ် နစ်မြုပ်မှုကြောင့် လူ ၃၀ ကျော်သေဆုံး၊အများအပြား ပျောက်ဆုံးနေ

ဒါကာ၊ ဇွန်-၃၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော် အနီး ခရီးသည်တင် ကူးတို့ရေယာဉ် တစ်စင်း နစ်မြုပ်သွားသဖြင့် လူပေါင်း ၃၂ ဦးထက် မနည်း သေဆုံး၍ အများအပြား ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ပြောသည်။

Morning Bird အမည်ရှိ အဆိုပါ ရေယာဉ်သည် နိုင်ငံ၏ အကြီးဆုံး ဆိပ်ကမ်းဖြစ်သော Sadarghat အနီးရှိ ဘူရီဂန်ဂါ မြစ်အတွင်း အခြားရေယာဉ် တစ်စင်းနှင့် တိုက်မိ ပြီးနောက် တိမ်းမှောက် သွားခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေး အရာရှိများက ပြောသည်။

နိုင်ငံ၏ အချက်အချာ နေရာရှိ ကျေးရွာတစ်ရွာမှ လာသော ၎င်း ရေယာဉ်သည် ခရီးသည် အယောက် ၅၀ တင်ဆောင်လာခြင်း ဖြစ်သည်ဟု ဒေသတွင်း မီဒီယာက ဖော်ပြထားသည်။

လက်ရှိ အချိန်ထိ ကလေးငယ်များ အပါအဝင် အလောင်း ၃၀ ကျော်ကို ဆယ်ယူ ရရှိထားပြီး ၂၀ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှ ရေငုပ်သမားတစ်ဦး ဖြစ်သူ အဘူကီရာက ပြောသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လူပို အများအပြား တင်ဆောင်မှုကြောင့် ရေယာဉ် မတော်တဆမှုများ အကြိမ်ကြိမ် ဖြစ်ပေါ်လေ့ ရှိသည်။

နိုင်ငံရှိ မြောက်မြားလှစွာသော သင်္ဘောကျင်းများမှာ ဘေးကင်း လုံခြုံမှုဆိုင်ရာ စံချိန်စံညွှန်းများ အားနည်းပြီး ရာသီဥတု ဆိုးရွားမှုကြောင့် မကြာခဏ ဆိုသလို သင်္ဘော တိမ်းမှောက် နစ်မြုပ်မှုများ ဖြစ်ပေါ်လေ့ ရှိသည်။

Photo: Reuters/AFP

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •