“ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာဆိုသူမူဆလင်
များကိုအတင်းအကျပ်ရွှေ့ပြောင်းပေးနေ”
December 30,2020
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာ ဆိုသူ
မူဆလင်ဒုက္ခသည်များကို ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ မြေနိမ့်ပိုင်းကျွန်းတကျွန်းပေါ်ကိုအတင်းအဓမ္မရွှေ့ပြောင်းနေရာချထားပေးနေပါတယ်။
ဒုက္ခသည်တွေကိုပြောင်းရွှေ့ပေးနေတဲ့
နေရာအသစ်ဟာ ရေလွှမ်းမိုးအန္တရယ်ကြုံတွေ့
နိုင်တဲ့အားနည်းချက်တွေရှိနေတာကြောင့်လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်နေကြပါတယ်။
ဒီဇင်ဘာလအစောပိုင်းလောက် ကတည်းက စတင်ပြီး ဘင်္ဂလားဒေ့ရှ်ကအာဏာပိုင်တွေဟာ လူသူကင်းမဲ့တဲ့ကျွန်းတကျွန်းပေါ်ကိုမူဆလင်ဒုက္ခသည် ၁၆၀၀ကျော်ပါဝင်တဲ့ ပဌမဆုံးအုပ်စုကိုလူ့အခွင့်အရေးအဖွဲ့တွေက လုပ်ဆောင်မှုတွေရပ်တန့်ထားဖို့ကန့်ကွက်နေတဲ့ကြားက အတင်းအဓမ္မပေးပို့စေလွှတ်ခဲ့ပါတယ်။
Ref:(France-24)