ဘယ်နိုင်ငံတွေက ဘယ်ကာကွယ်ဆေးတွေကြိုတင်ဝယ်ယူထားသလဲ⁉️

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🌎 ဘယ်နိုင်ငံတွေက #ဘယ်ကာကွယ်ဆေးတွေကြိုတင်ဝယ်ယူထားသလဲ⁉️

နိုင်ငံတကာမှာ #ဘယ်သူတွေဘယ်ဆေးတွေကိုယုံကြည်မှုပိုထားပြီး ဘယ်ဆေးတွေကြိုတင်ဝယ်ယူမှာထားသလဲသိအောင်မျှဝေပေးတာပါ။

Deutsche Bank ရဲ့အချက်အလက်ပါ။

dose per capita ဆိုတာက နိုင်ငံသားတစ်ယောက်စီအတွက်ပျမ်းမျှပြင်ဆင်မှု (the average per person) ပါ။

🇬🇧 ချမ်းသာပြီးလူဦးရေနည်းတဲ့ ယူကေလိုနိုင်ငံမျိုးက လူတစ်ယောက်စီကို ဆေး 5 dose လောက် ဝယ်ယူပြင်ဆင်နေတာတွေ့ရပါတယ်။

🇨🇳 တရုတ်လို လူဦးရေအရမ်းများတဲ့နိုင်ငံမျိုးက လူတိုင်းကိုဆေးထိုးပေးမယ့်ပုံမပေါ်ပါ။

တစ်ချို့ကို ပြည်တွင်းတရုတ်ကာကွယ်ဆေးထိုးပေးပြီး လူဦးရေ ငါးပုံတစ်ပုံစာလောက် Oxford University ရဲ့ ကာကွယ်ဆေးကို ကြိုဝယ်ယူထားတာကိုတွေ့ရပါတယ်။

🇬🇧 ယူကေနိုင်ငံက လူတိုင်းအတွက် Oxford ကာကွယ်ဆေးရမယ်။ အကယ်လို့မအောင်မြင်ရင်လည်း pfizer/BioNTech ရဲ့ဆေး၊ Novavax ရဲ့ဆေး၊ Sanofi/GSK ရဲ့ဆေးတွေလည်း အရံအဖြစ်မှာယူထားပါတယ်။

🇺🇸 အမေရိကန်က pfizer/BioNTech ရဲ့ဆေး၊ Moderna ရဲ့ဆေးတွေအဓိကကိုင်ထားပြီး Oxford ဆေးလည်းဝယ်ထားပါတယ်။

🇨🇦 ကနေဒါကျတော့ Novavax ရဲ့ဆေး၊ Moderna ရဲ့ဆေးတွေအဓိကကိုင်ထားပါတယ်။ J&J လည်းဝယ်ထားတာတွေ့ရပါတယ်။

🇯🇵 ဂျပန်က Oxford ဆေး၊ pfizer/BioNTech ဆေး၊ Novavax ဆေးတွေကို ကြိုမှာထားတာတွေ့ရပါတယ်။

🇦🇺ဩစတေးလျမှာက University of Queensland/GSK ဆေးက အတော်ခရီးရောက်နေပြီးသားပါ။ Oxford ဆေးလည်းကြိုဝယ်ထားပါတယ်။

🇮🇳 အိန္ဒိယက Novavax ဆေးနဲ့ Oxford ဆေးကိုဝယ်ထားပြီး ရုရှားက Sputnik ဆေးကိုဝယ်ထားတာ စာရင်းမဝင်သေးပါ။

တရုတ်ဆေးကို အဓိကဝယ်ယူတာက 🇮🇩 အင်ဒိုနီးရှားဖြစ်ပါတယ်။ အင်ဒိုနီးရှားက သူ့နိုင်ငံမှာ ရောဂါအတော်ဖြစ်နေတဲ့အတွက်မစောင့်နိုင်ပဲ အရင်ရမှာကို ကြိုမှာရပုံပေါ်ပါတယ်။

အခု ပုံထဲမှာကြည့်ခြင်းဖြင့် ဘယ်ကာကွယ်ဆေးတွေကို နိုင်ငံတွေကပိုမိုယုံကြည်ပြီး ဝယ်ထားသလဲသိနိုင်ပါတယ်။

နက်ပြာရင့်က Oxford/AstraZeneca ရဲ့ဆေး၊

အပြာနုက pfizer/BioNTech ရဲ့ဆေး၊

အပြာက Moderna ရဲ့ဆေး၊

ကြက်သွေးရောင်က တရုတ် Sinovac ရဲ့ဆေး၊

ပနိးရောင်က ရုရှားဆေး၊

ခဲရောင်က Novavax ရဲ့ဆေး၊

အစိမ်းနုက J&J/Jassen ရဲ့ဆေး၊

ပန်းဆီနီက Sanofi/GSK ရဲ့ဆေး၊

အစိမ်းပုပ်က Valenva ရဲ့ဆေး၊

လိမ္မော်ရောင်က CureVac ရဲ့ဆေး၊

ခရမ်းရောင်က University of Queensland/GSK ရဲ့ဆေး တို့ဖြစ်ပါတယ်။

ဘယ်ဆေးကိုအရင်ဝယ်ပြီး ဘယ်လောက်ဝယ်ကြတယ်ဆိုတာသိအောင်မျှဝေပေးခြင်းဖြစ်ပါတယ်။

Richard Myo Thant
24-September-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •