ဘယ်နိုင်ငံတွေ Covid ကာကွယ်ဆေးဘယ်လောက်ဝယ်ယူထားသလဲ⁉️

Spread the love
  •  
  •  
  •  
  •  
  •  
  •  

💉#ဘယ်နိုင်ငံတွေကာကွယ်ဆေးဘယ်လောက်ဝယ်ယူထားသလဲ⁉️

🇲🇲 မြန်မာနိုင်ငံ

ကြားရတဲ့သတင်းအရ …

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေရယ် GAVI အဖွဲ့ရဲ့ထောက်ပံ့ငွေရယ် ကမ္ဘာ့ဘဏ်ကကာကွယ်ဆေးအတွက်ချေးငွေတို့ကိုသုံးပြီး ကိုဗစ်ကာကွယ်ဆေးဝယ်ယူအသုံးပြုသွားမယ်လို့ ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောထားပါတယ်။

ပုဂ္ဂလိကဆေးရုံဆေးခန်းတွေမှာလည်း အရည်အသွေးမီကာကွယ်ဆေးတွေ ထိုးနှံနိုင်ရေးအတွက် ခွင့်ပြုပေးသွားမယ်လို့ ဝန်ကြီးကပြောသွားပါတယ်။

ကိုဗစ်ကာကွယ်ဆေးပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီရဲ့ #ပထမအကြိမ်အစည်းအဝေးမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးအတွက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာသန်း (၆၀) ထောက်ပံ့ပေးဖို့ ဆွေးနွေးနေပါတယ်တဲ့။

မြန်မာနိုင်ငံအတွက် GAVI ဆီကို ဒီဇင်ဘာလ (၇) ရက်နေ့အရောက် ထောက်ပံ့ကြေးအတွက် အဆိုပြုလွှာပေးပို့ဖို့လည်း ပြင်ဆင်နေပါတယ်တဲ့။

COVAX ကနေ နိုင်ငံပေါင်း 92 နိုင်ငံအတွက် နိုင်ငံလူဦးရေရဲ့ 20 % ကို ကူညီဖို့စီမံနေတာပါ။

ကျနော်အနေနဲ့ COVAX အစီအစဉ်နဲ့ဝယ်ယူတာရော မိမိဘာသာတိုက်ရိုက်ဝယ်ယူတာရောလုပ်ရမှာပါ။

မြန်မာနိုင်ငံအတွက်ဘယ်ကာကွယ်ဆေးကိုအလုံးရေဘယ်လောက်ဝယ်ယူမယ်ဆိုတာ #အခုထိသဘောတူလက်မှတ်ရေးထိုးမှုမျိုးမကြားရသေးပါ။

👉 #မြန်မာနိုင်ငံကိုကာကွယ်ဆေးဘယ်တော့ရောက်မယ်ဆိုတာကျနော်လုံးဝမခန့်မှန်းတတ်ပါ။

မြန်မာနိုင်ငံက ဘယ်ဆေးကိုဘယ်လောက်ဝယ်ဖို့စီမံထားသလဲဆိုတာနဲ့ ဘယ်တော့ရောက်လာနိုင်သလဲဆိုတာကို #အချိန်တန်ရင်ကျန်းမာရေးဝန်ကြီးဌာနကကြေညာလိမ့်မယ်လို့ယူဆရပါတယ်။

🇹🇭 ထိုင်းနိုင်ငံ

ထိုင်းက ကိုယ်ပိုင် mRNA ကာကွယ်ဆေးကိုတိရိစ္ဆာန်မှာစမ်းထားတယ်။ ဒေါ်လာသန်းပေါင်းမြောက်များစွာ ကုန်ကျပြီးမှ လူမှာအောက်တိုဘာလမှာစစမ်းဖို့က ရပ်တန့်သွားပါတယ်။

ထုတ်ပေးမယ့်စက်ရုံတွေက ထိုင်းကာကွယ်ဆေးကို စမ်းသပ်ဖို့ထုတ်မပေးနိုင်ပါဘူး။

အခုအရေးကြီးနေတဲ့ကာကွယ်ဆေးတွေကို ကမ္ဘာ့လူဦးရေလိုအပ်ချက်နဲ့ အရေးပေါ်နေ့မအားညမအားထုတ်နေရတော့ အခုမှဆက်စမ်းမယ့်ဆေးကို ဘယ်ဦးစားပေးနိုင်ပါ့မလဲ။

ထိုင်းကျန်းမာရေးဝန်ကြီးဌာနက မနေ့ကသောကြာနေ့က Oxford/AstraZeneca ဆီက အလုံးရေ 26 သန်းကို ဒေါ်လာ သန်း 200 နဲ့ဝယ်ဖို့စာချုပ်ချုပ်ခဲ့ပါတယ်။

အဲ့ဒီဆေးတွေက ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှရမယ်ပြောတယ်။ ရရင်လည်း ထိုင်းလူဦးရေ 69 သန်းရဲ့ ငါးပုံတစ်ပုံနီးပါး လူ 13 သန်းစာပဲရမှာပါ။

အဲ့ဒီ ဒေါ်လာ သန်း 200 တန်စာချုပ်မှာ ဒေါ်လာ 79 သန်းက non-refundable advance market commitment contract လို့ခေါ်ပါတယ်။ ကာကွယ်ဆေးကို စရံရိုက်ဘိုကင်ယူထားတာပါ။

ကျန် 121 သန်းကမှ Oxford ကာကွယ်ဆေးကိုဝယ်တာ။ အဲ့ဒီတော့ ကာကွယ်ဆေးက တစ်လုံးကို 5 ဒေါ်လာလောက်ကျမယ်လို့ ယူဆရပါတယ်။

ထိုင်းပြည်တွင်းမှာ အဲ့ဒီ Oxford ကာကွယ်ဆေးကို ပုလင်းသွတ်တာ ဖြန်ဖြူးတာလုပ်မယ်လို့လည်း ထိုင်းဝန်ကြီးချုပ်ကပြောထားတာရှိပါတယ်။

🇧🇩 ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်က အိန္ဒိယက Serum Institute နဲ့ Oxford ကာကွယ်ဆေး ဒေါ်လာသန်း 30 ဖိုးဝယ်ယူဖို့ စာချုပ်ချုပ်ထားပါတယ်။

GAVI ဆီကနေ ကာကွယ်ဆေးအလုံးရေ 68 သန်းကို သက်သာတဲ့နှုန်းနဲ့ဝယ်ယူရရှိနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်တဲ့။

🇵🇭 ဖိလစ်ပိုင်နိုင်ငံ

ဖိလစ်ပိုင်နိုင်ငံက ကုမ္ပဏီပေါင်း 30 ဟာ မနေ့ကသောကြာနေ့က Oxford ကာကွယ်ဆေး အလုံးရေ 2.6 သန်း ဝယ်ယူဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲ့ဒီကုမ္ပဏီ 30 ဟာ စုပေါင်းဝယ်ယူထားတဲ့ Oxford ကာကွယ်ဆေးရဲ့ပမာဏအများအပြားကို #ဖိလစ်ပိုင်အစိုးရဆီလှူဒါန်းမှာဖြစ်ပြီး ကျန်ပမာဏကိုသူတို့ရဲ့ ကုမ္ပဏီဝန်ထမ်းတွေကိုထိုးနှံပေးမှာပါ။

👏 အင်မတန်ကောင်းတဲ့အစီအစဉ်ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ lockdown ဘဝကလွတ်မြောက်နိုင်ပြီး #လုပ်ငန်းတွေတတ်နိုင်သမျှစောစောပြန်လည်ပတ်နိုင်ဖို့ ဖြစ်ပါတယ်တဲ့။

အဲ့ဒီ Oxford ကာကွယ်ဆေးဟာ ၂၀၂၁ ခုနှစ် ဧပြီကနေ ဇွန်လကြားမှာ ရောက်လာမယ်လို့ခန့်မှန်းပါသတဲ့။

တကယ်တော့ Oxford ကာကွယ်ဆေး အလုံးရေ အနည်းဆုံး သန်း ၂၀ ကိုဝယ်ယူဖို့ညှိနှိုင်းနေတာပါ။

ဖိလစ်ပိုင်ဟာ 🇺🇸 Pfizer နဲ့ 🇨🇳 တရုတ်က Sinovac နဲ့လည်း ညှိနှိုင်းနေပါတယ်။

ဖိလစ်ပိုင်မှာက လူဦးရေ 106.7 သန်းရှိပြီး လူဦးရေရဲ့ 60% ဖြစ်တဲ့သန်း 60 ကို ၂၀၂၁ နဲ့ ၂၀၂၂ နှစ်နှစ်အတွင်းမှာ ကာကွယ်ဆေးထိုးပေးမယ်လို့ အစိုးရကရည်မှန်းချက်ချထားပါတယ်။

ဖိလစ်ပိုင်အစိုးရဟာ ကိုဗစ်ကာကွယ်ဆေးအတွက် ဒေါ်လာသန်းပေါင်း 1400 အထိ သုံးစွဲဖို့ မှန်းထားပါတယ်။

🇮🇩 အင်ဒိုနီးရှား

အင်ဒိုနီးရှားဟာ COVAX ကနေ နိုင်ငံလူဦးရေရဲ့ 20% ဖြစ်တဲ့ လူပေါင်း 53.54 သန်းအတွက် အကူအညီရမယ်လို့မျှော်လင့်ထားပါတယ်။

အင်ဒိုနီးရှားဟာ တရုတ် Sinovac ရဲ့ကာကွယ်ဆေးကို နိုင်ငံအတွင်းမှာစမ်းသပ်နေပြီး ကျန်းမာရေးဝန်ထမ်းတွေကို ဇန်နဝါရီလကုန်ပိုင်းမှာ စထိုးပေးဖို့ ပြင်ဆင်နေပါတယ်။

🇻🇳 ဗီယက်နမ်

ဗီယက်နမ်ဟာလည်း COVAX ကနေ လူဦးရေ 20% အတွက်ခွဲတမ်းရမှာပါ။

သပ်သပ်စီမံချက်အနေနဲ့ လောလောဆယ် ဆေးကုမ္ပဏီတွေနဲ့ ကာကွယ်ဆေးဝယ်ယူရေးဆွေးနွေးနေပါတယ်။

ဗီယက်နမ်ကတော့ ဘယ်တော့မှလက်မနှေးမှာသေချာပါတယ်။

🇹🇼 ထိုင်ဝမ်

ထိုင်ဝမ်မှာ လူဦးရေ 23.8 သန်းရှိပြီး ကာကွယ်ဆေးအလုံးရေ 15 သန်းကို COVAX အစီအစဉ်နဲ့ရော ကာကွယ်ဆေးဆေးကုမ္ပဏီကြီးတွေကနေ ဒါရိုက်ဝယ်ယူခြင်းဖြင့်သော်လည်းကောင်း စတင်ဝယ်ယူဖို့စီစဉ်နေပါတယ်။

ထပ်ပြီးအလုံးရေ 15 သန်းကိုဝယ်ယူပါလိမ့်မယ်။

ထိုင်ဝမ်အစိုးရဟာ ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ်ပထမသုံးလပတ်အတွင်းမှာ စထိုးနိုင်ဖို့မျှော်လင့်ထားပါတယ်။

🇮🇳 အိန္ဒိယ

အိန္ဒိယဟာ Oxford ကာကွယ်ဆေးကို ၂၀၂၁ ဖေဖဝါရီ (သို့မဟုတ်) မတ်လမှာစထိုးပေးနိုင်ဖို့ စီမံနေပါတယ်။

အိန္ဒိယမှာ ကိုယ်ပိုင်ကာကွယ်ဆေးလည်းစမ်းသပ်နေပြီး နောက် ၂ လလောက်မှာ ရလဒ်အဖြေကိုသိပါလိမ့်မယ်။

အိန္ဒိယက ရုရှားရဲ့ Sputnik V ကိုလည်းစမ်းသပ်နေပါတယ်။

🇰🇷 တောင်ကိုရီးယား

တောင်ကိုရီးယားဟာ COVAX အစီအစဉ်နဲ့ ကာကွယ်ဆေးအလုံးရေ 10 သန်းကိုဝယ်ယူဖို့ ရည်ရွယ်ထားပြီး တိုက်ရိုက်ဝယ်ယူရေးအနေနဲ့ အလုံးရေ သန်း 20 ကို ဒီနှစ်ကုန်မှာ ဝယ်ယူဖို့ စီစဉ်နေပါတယ်။

ကာကွယ်ဆေးဝယ်ယူရေးနဲ့ ရရှိနိုင်မှုပမာဏကိုလည်း ထုတ်လုပ်သူတွေရဲ့အချိန်ဇယားပေါ်မူတည်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။

ကာကွယ်ဆေးထိုးနှံခြင်းကိုတော့ ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်မှ စထိုးပေးပါမယ်တဲ့။

ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို စောင့်ကြည့်ဖို့ဖြစ်ပါတယ်တဲ့။

🇯🇵 ဂျပန်

ဂျပန်နိုင်ငံဟာ Pfizer ဆီကနေ ၂၀၂၁ ပထမနှစ်ဝက်အတွင်း ကာကွယ်ဆေးအလုံးရေ သန်း 120 အထိဝယ်ယူဖို့ သဘောတူထားပါတယ်။

Oxford ကာကွယ်ဆေးကို အလုံးရေ သန်း 120 ဝယ်ယူထားပြီး အဲ့ဒီထဲက ပထမအသုတ် သန်း 30 ကို မတ်လအရောက်စီမံထားပါတယ်။

Novavax ကလည်း အလုံးရေ သန်း 250 မှာယူထားပါတယ်။

Johnsons and Johnsons နဲ့လည်း ဝယ်ယူဖို့ Shionogi & Co. က စကားပြောဆိုနေပါတယ်။

🇦🇺 ဩစတေးလျ

ကာကွယ်ဆေးအလုံးရေ 135 သန်းဝယ်ထားပါတယ်။

Oxford/AstraZeneca ဆီက အလုံးရေ 34 သန်း၊

Novavax ဆီက အလုံးရေ သန်း 40၊

Pfizer ဆီက အလုံးရေ 10 သန်း၊

CSL Ltd ဆီက အလုံးရေ 50 သန်း၊

လူဦးရေစုစုပေါင်းမှ 25 သန်းပဲရှိတာမို့ အလုံးရေ သန်း 50 ထက်ပိုမလိုပါ။

ဘယ်နိုင်ငံကမှ ကာကွယ်ဆေးမရလည်း ပြည်းတွင်း ဩစတေးလျကုမ္ပဏီထုတ်ကာကွယ်ဆေး 51 သန်းနဲ့လောက်အောင် စီမံထားတာပါ။

လာမယ့် ဇန်နဝါရီနဲ့ဖေဖဝါရီလအတွင်းမှာ Oxford/AstraZeneca ဆီက အလုံးရေ 3.8 သန်းရရှိပါမယ်။

🇨🇳 တရုတ်ပြည်

တရုတ်က အနောက်တိုင်းကကာကွယ်ဆေးဘယ်လောက်ဝယ်ထားလဲဆိုတာ မထုတ်ပြန်သေးပါဘူး။

တရုတ်ကုမ္ပဏီတွေက အနောက်တိုင်းကာကွယ်ဆေးကုမ္ပဏီတွေနဲ့ပူးတွဲလုပ်နေတာကိုပဲ သိရပါတယ်။

Oxford ကာကွယ်ဆေးကို တရုတ်ပြည်မှာ ၂၀၂၁ နှစ်လည်မှာ ခွင့်ပြုနိုင်တယ်လို့ဆိုပါတယ်။

Shenzhen Kangtai Biological Products က ၂၀၂၀ အကုန်မှာ Oxford ကာကွယ်ဆေးအလုံးရေ သန်း 100 ထုတ်ပြီးဖို့ စီမံထားပါတယ်။

Pfizer အတွက် Shanghai Fosun Pharma Group က Phase 2 စမ်းဖို့ပြင်ဆင်နေပါတယ်။

တိဘက်က Tibet Rhodiola Pharma Holding က ရုရှားကာကွယ်ဆေး Sputnik V ကို တရုတ်မှာစမ်းသပ်ပါလိမ့်မယ်။

တရုတ်ကာကွယ်ဆေး 3 မျိုးကို အစိုးရကခွင့်ပြုပြီးသားပါ။

Sinopharm ရဲ့ကာကွယ်ဆေးကို တရုတ်မှာ လူတစ်သန်းလောက် ထိုးပြီးပြီလို့ဆိုပါတယ်။

ဒါကတော့ နိုင်ငံအသီးသီးအတွက်ကာကွယ်ဆေးအစီအမံတွေ သိရသလောက်ဖြစ်ပါတယ်။

👉 မြန်မာနိုင်ငံမှာ ၂၀၂၁ #သင်္ကြန်ပွဲကိုမီမယ်လို့မထင်ပါခင်ဗျား။

https://www.facebook.com/109119807474881/posts/187996869587174/?d=n

Richard Myo Thant
28-November -2020


Spread the love
  •  
  •  
  •  
  •  
  •  
  •