ဘယ်လိုအခြေအနေမှာမဆို၊ ဒို့နိုင်ငံက ဒို့ကိုပစ်ထားမှာမဟုတ်ဘူး ဆိုတဲ့ စိတ်လုံခြုံမှုမျိုး ကျွန်မတီုပြည်သူတွေမှာရှိစေချင်ပါတယ် (ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကျွန်မတို့ ယခုလုပ်ဆောင်မှုများဟာ နောင်အတွက် ရင်းနှီးမှုများဖြစ်စေချင်ကြောင်း ကျွန်မ မနေ့က ရေးခဲ့ပါတယ်။
ဘယ်အခြေအနေမဆို အဆိုးဘက်ကို ရောက်သွားမလား၊ အကောင်းဘက်ကို ရောက်သွားမလားဆိုတာ ကာယကံရှင်များအပေါ် အများကြီးမူတည်ပါတယ်။

 

ပြည်ပမှ ကျွန်မတို့နိုင်ငံသားတွေ အများအပြား ပြန်လာနေချိန်မှာ အတွေးလေးတွေ ဝင်လာပါတယ်။ ပြန်လာသူများအတွက် ကျန်းမာရေး၊ ခရီးသွားရေးအစီအစဉ်တွေ ချမှတ်ဆောင်ရွက်ရတာ ကြီးမားတဲ့ တာဝန်ဖြစ်ပေမဲ့၊ အခက်အခဲနဲ့ ကြုံချိန်မှာ ကိုယ့်နိုင်ငံကိုအားကိုးစိတ်နဲ့ ပြန်လာကြတာကို ကျေနပ်ဂုဏ်ယူမိပါတယ်။ အချို့ အင်အားကြီးနိုင်ငံများရဲ့ ပြည်သူတွေဟာ၊ နိုင်ငံရပ်ခြားရောက်တုန်း ပြဿနာတစ်ခုခုဖြစ်ရင်၊ “ကျုပ်တို့က ဘယ်နိုင်ငံသား” ဆိုပြီး မိမိတို့နိုင်ငံရဲ့ အင်အားအရှိန်ကိုယူကြပါတယ်။ ကျွန်မကတော့ ဘယ်သူ့ကိုမှ ကျောချင်တဲ့စိတ်နဲ့မဟုတ်ပဲ၊ ဘယ်လိုအခြေအနေမှာမဆို၊ ဒို့နိုင်ငံက ဒို့ကိုပစ်ထားမှာမဟုတ်ဘူး ဆိုတဲ့ စိတ်လုံခြုံမှုမျိုး ကျွန်မတီုပြည်သူတွေမှာရှိစေချင်ပါတယ်။

စီးပွါးရေးလိုအပ်ချက်ကြောင့်ကျွန်မတို့ပြည်သူတွေ တိုင်းတစ်ပါးကိုသွားရတဲ့ အခြေအနေတွေကိုလည်းပြောင်းချင်ပါတယ်။ Covidရဲ့ အကျိုးဆက်တွေကိုအောင်နိုင်စွာကိုင်တွယ်ဆောင်ရွက်ရေးစီမံချက်တွေထဲမှာ အလုပ်အကိုင် ဖန်တီးရေးကိုအထူးအလေးပေးမှာဖြစ်ပါတယ်။ အရာရာတိုင်းမှာလိုပဲ ရည်ရွယ်ချက်တွေအောင်မြင်ဖို့ ပြည်
သူရဲ့ ပူးပေါင်းအားပေးမှုဟာအဓိကပါ။ ပြည်တွင်းအလုပ်အကိုင်တွေအတွက် ရမဲ့ဝင်ငွေက ချက်ချင်းတော့ ပြည်ပမှာရနိုင်တာကိုမမီတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံမှာနေရတဲ့ သုခ အကျိုးအမြတ်တွေရဲ့ တန်ဖိုးလည်းရှိပါသေးတယ်။

ယခုလိုကျွန်မတို့နိုင်ငံရဲ့ပြန်လည်ထူထောင်ရေးကာလလို့ ဆိုနိုင်တဲ့အချိန်မှာ တစ်ထောင့်တစ်နေရာက ပါဝင်နိုင်တဲ့အခွင့်အရေးရဲ့တန်ဖိုးကလည်းကြီးမားပါတယ်။ နောင်မျိုးဆက်တွေအတွက် ရုပ်ပိုင်းဆိုင်ရာသာမက၊ စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေ စုဆောင်းရေးမှာပါဝင်ကြစေချင်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •