ဘယ်သူတွေ ဘာပြောပြော ရုရှကတော့ သူ့ရဲ့ Covid ကာကွယ်ဆေး ပထမအသုတ်ကိုစထုတ်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇷🇺 ရုရှားဟာ ဘယ်သူဘာပြောပြော Covid #ကာကွယ်ဆေးပထမအသုတ်ကိုစတင်ထုတ်လုပ်နေပြီလို့ဆိုပါတယ်။

ဩဂတ်စ်လ ၁၂ ရက်နေ့ကတည်းက ပထမအသုတ်ကာကွယ်ဆေးဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် နှစ်ပတ်အတွင်း အသင့်ဖြစ်အောင်လုပ်မယ်လို့ ဆိုထားတာပါ။

🇲🇲 #မြန်မာပြည်ကလည်း ရုရှားကာကွယ်ဆေးကိုရယူဖို့ WHO ရဲ့ အသိအမှတ်ပြုမှုကိုတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

အဓိကပြဿနာက ရုရှားရဲ့Covid ကာကွယ်ဆေးဟာ လူထောင်ပေါင်းများစွာနဲ့ clinical trials စမ်းသပ်ထားတဲ့ သက်သေကို ထုတ်မပြနိုင်တာပဲဖြစ်ပါတယ်။

Phase 3 Clinical trials လို့ခေါ်တဲ့ လူထောင်ပေါင်းများစွာမှာစမ်းသပ်မှုဟာ #မရှိမဖြစ်ကိုလိုအပ်ပါတယ်။

👉 ဘာဖြစ်လို့လဲဆိုရင် Clinical trials လူမှာစမ်းသပ်တဲ့ ကာကွယ်ဆေးတွေရဲ့ ၁၀ ရာခိုင်နှုန်းပဲ အောင်မြင်လေ့ရှိတာပါ။

ဒါ့ကြောင့် ရုရှားသိပ္ပံပညာရှင်အချို့က ရုရှားအနေနဲ့ နိုင်ငံနဲ့ချီပြီးဒုက္ခရောက်သွားနိုင်တယ်လို့ ပြောနေကြတာဖြစ်ပါတယ်။

ရုရှားက အဲ့ဒီကာကွယ်ဆေးကို ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေကို ထိုးပေးမှာဖြစ်တယ်လို့ဆိုပါတယ်။

 

ကျန်းမာရေးဝန်ထမ်းတွေမှာသာ တစ်ခုခုပြဿနာတက်ခဲ့ရင် အခြေအနေဟာပိုဆိုးသွားနိုင်ပါတယ်။

ရုရှားရဲ့ကာကွယ်ဆေးကို မအောင်မြင်နိုင်ဘူးလို့ ပြောနေတာမဟုတ်ပါ။

Clinical trials ဆေးတွေရဲ့ ဆယ်မျိုးမှာ တစ်မျိုးပဲအောင်မြင်တတ်တာမို့ လူအမြောက်အများမှာ မထိုးပေးခင် #တကယ့်စမ်းသပ်မှုတွေကိုအသေအချာလုပ်စေချင်ကြတာပါ။

ရုရှားကတော့ သူတို့ရဲ့ စမ်းသပ်တွေ့ရှိချက်တွေကို သူတို့ရဲ့ပညာရှင်တွေလေ့လာပြီးမှ ထုတ်ပြန်ပါမယ်တဲ့။

ဒါဟာ ရုရှားကာကွယ်ဆေးကို ထုတ်လုပ်ခဲ့တဲ့ Gamaleya Institute ရဲ့ ဒါရိုက်တာဖြစ်သူ Alexander Gintsburg ကပြောခဲ့တာပါ။

သူ့အပြောအရ ရုရှားဟာ ဒီဇင်ဘာကနေ ဇန်နဝါရီလအတွင်းမှာ ကာကွယ်ဆေး dose ပေါင်း ၅ သန်းအထိထုတ်နိုင်တယ်လို့ ဆိုပါတယ်။

🇰🇿 ကာဇက်စတန်နိုင်ငံအစိုးရ ကတော့ ရုရှားနဲ့ ကာကွယ်ဆေးရဖို့ ဆွေးနွေးမယ်လို့ ဆိုပါတယ်။

🇵🇭 ဖိလစ်ပိုင်မှာလည်း စမ်းသပ်မယ်ပြောပါတယ်။

🇩🇪 ဂျာမနီကျန်းမာရေးဝန်ကြီးပြောတာက အခုရုရှားရဲ့ Covid ကာကွယ်ဆေးဆိုတာဟာကို ရုရှားက သိပ္ပံနည်းကျစမ်းသပ်မှုအချက်အလက် ဘာမှသေချာမထုတ်ပြန်တာက အဓိကပြဿနာဖြစ်နေတာပါတဲ့။

အဲ့လိုဘာမှသေချာမသိရတဲ့ဆေးကို လူသန်းပေါင်းများမှာထိုးပေးလိုက်ဖို့ အန္တရာယ်အလွန်များပါတယ်တဲ့။

ကျနော့်အမြင်ကတော့ ရုရှားကာကွယ်ဆေးအနေနဲ့ လူအချို့မှာ အဆင်ပြေကောင်းပြေမယ်။

ဒါပေမယ့် လူအားလုံးအတွက်အဆင်ပြေဖို့ လုံးဝမသေချာပါ။ #အခုအထိသိရသမျှ အခြေအနေအရ ကျနော်ကတော့ မသုံးရဲပါ။ တစ်ခုခုဖြစ်ခဲ့ရင်အန္တရာယ်အလွန်ကြီးပါတယ်။

ရုရှားကာကွယ်ဆေးကို မျှော်မယ့်အစား Covid ကိုယ့်တိုင်းပြည်ထဲမပြန့်ဖို့ကိုသာ ကြပ်ကြပ်မတ်မတ် အားစိုက်လုပ်သင့်တယ်လို့ မြင်ပါတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
15-Aug-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •