ဘရာဇီးကနေ တရုတ်ပြည်ကိုသွင်းတဲ့ ကြက်တောင်ပံ (frozen chicken wings) တွေပေါ်မှာ ကိုဗစ်ရောဂါပိုးတွေ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🦠 #အေးခဲထားတဲ့ကြက်တောင်ပံတွေပေါ်မှာကိုဗစ်ရောဂါပိုးတွေ့တဲ့ကိစ္စ။

▪️ဘရာဇီးနိုင်ငံကနေ တရုတ်ပြည်ကိုသွင်းလာတဲ့ အေးခဲထားတဲ့ကြက်တောင်ပံ (frozen chicken wings) တွေပေါ်မှာ ကိုဗစ်ရောဂါပိုးတွေ့ရတာပါ။

▪️ကျနော်တို့ငယ်စဉ်ကတည်းက ဘရာဇီးဟာ တကမ္ဘာလုံးကို မွေးမြူရေးကြက်သားတင်ပို့တာ နာမည်ကြီးပါတယ်။

▪️စင်ကာပူက ဆူရှီဆိုင်တွေမှာ tori karaage လို့ခေါ်တဲ့ 🍗 ဂျပန်ကြက်ကြော်တွေဟာ ဘရာဇီးကလာတဲ့ အေးခဲထားတဲ့ ကြက်သားကို ကြော်ထားတာပါ။ကျောင်းသားဘဝတုန်းက ကိုယ်တိုင်ကြော်လာလို့သိတာပါ။

 

tori karaage တိုရီကရာကေးအပြင် teriyaki chicken, grilled chicken အကုန် ဘရာဇီးကကြက်သားပဲသုံးကြတာပါ။

▪️တရုတ်ပြည်ဟာ ပေကျင်းမြို့တော်ရှိ Xinfadi ကုန်စိမ်းစျေးမှာ ကိုဗစ်လူနာတွေစတွေ့ကတည်းက နိုင်ငံခြားကဝင်လာတဲ့ အေးခဲအသားတွေကို သေချာစစ်ဆေးပါတယ်။

▪️အခုအေးခဲထားတဲ့ ကြက်သားတွေအပေါ်မှာ ကိုဗစ်ရောဂါပိုးမတွေ့ခင် လွန်ခဲ့တဲ့ တစ်ရက်ကပဲ အီကွေဒေါနိုင်ငံက အေးခဲထားတဲ့ ပုဇွန်တွေအပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ခဲ့ပါသေးတယ်။

အရင်တစ်လကျော်လောက်ကပဲ အီကွေဒေါနိုင်ငံက အေးခဲထားတဲ့ ပုဇွန်ကွန်တိန်နာတွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ခဲ့ဖူးပါတယ်။

#ဘာဖြစ်လို့အေးခဲထားတဲ့အသားတွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရတာလဲ⁉️

▪️အဲ့ဒီဘရာဇီးတို့ အီကွေဒေါတို့မှာ Covid-19 အကြီးအကျယ်ဖြစ်နေတာပါ။

▪️Covid-19 လူနာဟာ asymptomatic လို့ခေါ်တဲ့ ရောဂါပိုးရှိပြီး ရောဂါလက္ခဏာပြသူမဟုတ်ရင် သာမန်ကျန်းမာသူလိုပဲ အအေးခန်းစက်ရုံမှာ အလုပ်ဝင်လုပ်နေနိုင်ပါတယ်။

▪️အဲ့ဒီရောဂါပိုးရှိတဲ့ လုပ်သားကနေ စကားပြောတာ၊ ချောင်းဆိုးတာ၊ နှာချေတာ စတာတွေကနေ #သူကိုင်တွယ်နေတဲ့ အသားတွေပေါ်ကို ရောဂါပိုးကျရောက်သွားနိုင်ငံပါတယ်။

▪️အဓိကက လုပ်သားရဲ့ လက်ကနေကူးသွားတာပါ။

ဒါဆိုရင် တရုတ်ပြည်ပေကျင်းကုန်စိမ်းစျေးက #စျေးသူစျေးသားတွေမှာကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရတာက သူတို့ကိုင်တွယ်တဲ့ #နိုင်ငံခြားကရောဂါပိုးပါလာတဲ့အေးခဲအသားတွေကနေကူးစက်တာလား⁉️

▪️အဲ့လိုကူးတယ်လို့သက်သေသာဓကမတွေ့ပါဘူး။

▪️ နယူးဇီလန်မှာ Covid-19 သုံးလကျော်အကြာမှ ပြန်ဖြစ်ရခြင်းဟာ နိုင်ငံခြားကတင်ပို့တဲ့ အသားတွေက ကူးစက်တာဖြစ်မလား ဆိုပြီး သံသယဝင်ကြပါတယ်။

▪️နယူးဇီလန် ဒုတိယဝန်ကြီးချုပ်ရဲ့အပြောအရ လူတွေမှာ Covid ဗိုင်းရပ်စ်ပိုးတွေရခြင်းဟာ quarantine ကိုသေသေချာချာမလုပ်လို့ပါတဲ့။

“Outbreak could be due to a quarantine breach.” လို့ ပြောပါတယ်။

#အစားအသောက်ကနေကိုရိုနာဗိုင်းရပ်စ်ကူးနိုင်ခြေတကယ်ရှိသလား⁉️

▪️နိုင်ငံအတော်များများက အေးခဲထားတဲ့ အသားတွေကို စားသုံးနေရတာပါ။

▪️ကြက်၊ဝက်၊အမဲသားငါးပုဇွန်အစုံပါပဲ။

▪️ကျနော်တို့နိုင်ငံလည်းသားငါးပုဇွန်တွေကိုအေးခဲပြီးမှနိုင်ငံခြားတင်ပို့ရတာပါ။

▪️အေးခဲထားတဲ့အစားအသောက်တွေကနေ Covid-19 ကူးစက်ဖို့ဟာ အခွင့်အလမ်းအလွန်နည်းတဲ့အတွက် public health policy level ကို ပြင်ဆင်ဖို့ မလိုသေးပါဘူးလို့ အစ္စရေးနိုင်ငံ Sheba Medical Center က သိပ္ပံပညာရှင် Eyal Leshem က ပြောပါတယ်။

▪️တရုတ်ပြည် China National Center for Food Safety Risk Assessment က Li Fengqin က အေးခဲထားတဲ့အသားတွေကနေ Covid ကူးစက်မှုဟာ အလွန်အခွင့်အလမ်းနည်းပါးပါတယ်တဲ့။ သို့သော် လုံးဝမဖြစ်နိုင်ဘူးလို့ ပြောမရသေးပါတဲ့။

▪️အီကွေဒေါက အေးခဲအသား နမူနာပေါင်း ၂၂၇၉၃၄ ခုယူပြီး စစ်ဆေးခဲ့ရာမှာ တစ်ခုမှာပဲတွေ့ခဲ့တာပါ။

🥩 အေးခဲအသားတွေဟာ #အနည်းဆုံးအပူချိန် အနုတ် 18 ဒီဂရီ စင်တီဂရိတ်အောက်မှာ ထားပြီးတင်ပို့ကြတာပါ။

🦠 ဗိုင်းရပ်စ်ဟာ အပူချိန် အနုတ် 20 ဒီဂရီ စင်တီဂရိတ်မှာ #နှစ်နှစ်အထိအသက်ရှင်နိုင်ပါတယ်။

ဒါပေမယ့် ဗိုင်းရပ်စ်က အအေးခဲထားတဲ့အသားပေါ်မှာ မပွားများနိုင်ပါ။

အဲ့လို ပွားများခြင်း (replication) မလုပ်နိုင်ရင် ဗိုင်းရပ်စ်ဟာအချိန်ကြာလာတာနဲ့အမျှ အားလျော့လာပါတယ်။

အကြမ်းဖျင်းနားလည်အောင် ဥပမာပေးရရင် ဗိုင်းရပ်စ်က မျိုးဆက်အသစ်မလောင်းပဲ မူရင်းဗိုင်းရပ်စ်က အိုမင်းပြီးမသန်စွမ်းလာတော့တဲ့ သဘောပါ။

ဒါ့ကြောင့် အေးခဲအသားတွေကနေပါလာတဲ့ ဗိုင်းရပ်စ်ကနေ Covid ဖြစ်နိုင်ခြေ အလွန့်အလွန်နည်းပါးတာဖြစ်ပါတယ်။

🇬🇧 ယူကေနိုင်ငံ Food Standards Agency (အစားအသောက်အဆင့်အတန်းအေဂျင်စီ) ရဲ့ အပြောအရလည်း အေးခဲအသားတွေကနေ Covid ကူးနိုင်ခြေမရှိသလောက်ပါတဲ့။

FSA က ထပ်ပြောသေးတယ်။ အေးခဲအသားကနေသာမက အစားအသောက်ကနေ ကူးစက်နိုင်ခြေလည်းအလွန်နည်းပါးပါတယ်တဲ့။

အသားတွေကို အသေအချာ ချက်ပြုတ်လိုက်တာနဲ့ ပိုးလည်းသေသွားပါတယ်တဲ့။

👉 စိတ်ချချင်ရင် မစားခင် ရေသေချာဆေးပါ။

👉 သေသေချာချာချက်ပြုတ်ပါ။

👉 ကျနော်တို့ဟာလည်း အေးခဲသားငါးပုဇွန်တွေကို ပြည်ပကိုတင်ပို့နေတာမို့ အခုလို ဘရာဇီးတို့၊ အီကွေဒေါတို့လို နာမည်မပျက်ရအောင် ကိုယ့်အအေးခန်းလုပ်ငန်းမှာ Covid ကင်းရှင်းအောင် အထူးဂရုပြုကြပါခင်ဗျာ။

ကျနော်တို့ manufacturing practice မှာ အစကောင်းမှ အနှောင်းသေချာလေ့ရှိပါတယ်။

ဒါ့ကြောင့်ပိုးကို အစကတည်းကပါသွားရင် စက်ရုံထဲမှာ တောက်လျှောက် နေရာစုံ ပါသွားနိုင်တာမို့ လုပ်သားတွေ ကိုယ်တိုင် Covid မကူးအောင် ဂရုပြုသင့်ပါကြောင်း။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
14-Aug-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •