“ဘရာဇီးဒေသခံတိုင်းရင်းသားခေါင်းဆောင်များက ဘိုလ်ဆိုနာရို ကို သတ်ဖြတ်မှုများ နှင့် ဂေဟဗေဒဆိုင်ရာသဘာဝပတ်ဝန်းကျင်ဖျက်ဆီးမှုများဖြင့် တရားစွဲဆို”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ဘရာဇီးဒေသခံတိုင်းရင်းသားခေါင်းဆောင်များက ဘိုလ်ဆိုနာရို ကို သတ်ဖြတ်မှုများ နှင့်
ဂေဟဗေဒဆိုင်ရာသဘာဝပတ်ဝန်းကျင်ဖျက်ဆီးမှုများဖြင့် တရားစွဲဆို”

January 24,,2021

ဒေသခံထိပ်တန်းတိုင်းရင်းသား ခေါင်းဆောင် နှစ်ဦးက ဘရာဇီးသမ္မတ
ဂျိုင်ရ် ဘိုလ်ဆိုနာရိုကို လူသားမျိုးနွယ်ကို
ဆန့်ကျင်တဲ့ရာဇဝတ်မှု၊ အကြုံစဖူးအောင်သဘာဝပတ်ဝန်းကိုထိခိုက်
ပျက်စီးစေမှု၊သုတ်သင်သတ်ဖြတ်မှု နဲ့ညှင်းပန်းနှိပ်စက်မှုများအတွက် စုံစမ်းစစ်ဆေးပေးရန် နိုင်ငံတကာရာဇဝတ်မှုတရားရုံး(ICC)ကို တောင်းဆိုလိုက်ပါတယ်။
ကာယာပိုလူမျိုးတွေရဲ့ခေါင်းဆောင်
အကြီးအကဲ ရာအိုနီ မီတပ်ခ်တိုင်ရာ နဲ့
ပိတ်တာဆူအူရီ မျိုးနွယ်စုတွေရဲ့ခေါင်းဆောင်
အကြီးအကဲ အယ်လ်မီ နာရာယာမိုဂါဆူအူရီ တို့နှစ်ဦးက The Hague
အခြေစိုက် တရားရုံးမှာ သောကြာနေ့
ကအမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
၂၀၁၉ခုနှစ်ဇန္နဝါရီလမှာ ဘိုလ်ဆိုနာရို
သမ္မတဖြစ်လာကတည်းက “အမေဇုန်သစ်တောပျက်စီးမှုဟာ အတိုင်းအဆမရှိတဟုန်ထိုး တိုးတက်လာခဲ့တယ်။”လို့ ICCကို ပေးပို့ထားတဲ့
လျှောက်လဲချက်မှာဖော်ပြထားတယ် လို့
ပြင်သစ်ပြည်က Le Monde သတင်စာက
စနေနေ့မှာ သတင်းဖော်ပြခဲ့ပါတယ်။
သစ်တောပြုန်းတီးမှုဟာ တနှစ်မှာ ၃၄.၅
ရာခိုင်နှုံးအထိမြင့်တက်လာခဲ့ပြီး ၊ဒေသခံတိုင်းရင်းသားခေါင်းဆောင်တွေကို
သုတ်သင်သတ်ဖြတ်မှုဟာ ၁၁နစ်တာကာလမှာအမြင့်ဆုံးအခြေအနေကို
ရောက်ရှိခဲ့သလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီတွေလည်းပြိုလဲသွားခဲ့ကြ(ဒါမှမဟုတ်)
ခြိမ်းခြောက်မှုတွေကိုရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ သတင်းစာမှာရေးသား ဖော်ပြခဲ့ပါတယ်။
ဒေသခံပြည်သူတွေကို သတ်ဖြတ်မှုတွေ၊
အတင်းအဓမ္မ ပြောင်းရွှေ့နေရာချထားမှုတွေ
နဲ့ညှင်းပန်းနှိပ်စက်မှုတွေဟာ လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ ရာဇဝတ်ပြစ်မှု
မြောက်နေတယ်လို့ ဒေသခံတိုင်းရင်းသား
ခေါင်းဆောင်နှစ်ဦးက ပြောဆိုပါတယ်။
အမေဇုံဒေသကစီးပွါးရေးလုပ်ငန်းတွေ
ဖြစ်တဲ့ သတ္တု၊ရေနံ နဲ့သဘာဝဓါတ်ငွေ့ထုတ်
ယူခြင်းနဲ့ ပမာဏကြီးမားတဲ့ စိုက်ပျိုးရေး
လုပ်ငန်းတွေမှာ တင်းကျပ်တဲ့ကန့်သတ်မှုတွေ ကို ဖြေလျှော့ပေးဖို့ ဥပဒေပြဌန်းဆောင်ရွက်ပေးမယ်လို့ ဘရာဇီး
အစိုးရက ကတိပေးထားပါတယ်။
ICCက တရားစွဲဆိုဆောင်ရွက်မှုတွေမှာ
လူမျိုးတုန်း သတ်ဖြတ်မှု၊လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ရာဇဝတ်မှုနဲ့
စစ်ရာဇဝတ်မှုတွေ နဲ့အတူ သဘာဝပတ်ဝန်းကျင်ဖျက်ဆီးမှုကိုပါ ထည့်သွင်းအရေးယူဆောင်ရွက်ပေးဖို့ တက်ကြွလှုပ်ရှားသူတွေက ဖိအားပေး တောင်းဆိုနေကြပါတယ်။မယ်လဒိုက်ဗ် နဲ့
ဗန်နူအာတူ နိုင်ငံကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး
ဆွေးနွေးဖို့ကို ၂၀၁၉ခုနှစ်ဒီဇင်ဘာမှာကျင်းပတဲ့ ICCရဲ့
အထွေထွေအစည်းအဝေးကြီးမှာ တင်ပြခဲ့ပါတယ်။
“ဒီအခြေအနေဟာ လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းမှာအသိသာအထင်ရှားဆုံးဖြစ်ပြီး ဂျိုင်ရ် ဘိုလ်ဆိုနာရို ရဲ့မူဝါဒတွေ
ကြောင့်ဖြစ်လာတဲ့တိုက်ရိုက်အကျိုးသက်
ရောက်မှုတခုပါပဲ။သူဟာအမေဇုံရဲ့အကျိုးစီးပွါးအားလုံးကို
အတင်းအဓမ္မလုယူဖို့အတွက်အတားအဆီးအားလုံးကို ဖယ်ရှားပစ်ချင်နေတယ်။လို့
တရားစွဲဆိုသူတွေကပြောဆိုပြီး သတ္တုတူးဖော်
ရေးကုမ္ပဏီတွေကို ဥပမာတခုအနေနဲ့ ဖော်ပြ
ပါတယ်။
အမှုတွဲမှာ အမေဇုံသစ်တောပျက်စီးပြုန်းတီးမှုဟာ
ဘရာဇီးပြည်သူတွေအတွက်သာမက လူသား
တမျိုးနွယ်လုံးကိုပါ ဘေးအန္တရယ်ကျရောက်စေနိုင်တယ် လို့ဆိုပါ
တယ်။
လွန်ခဲ့တဲ့နှစ်ဇူလိုင်လတုန်းကလည်း ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ရောဂါနဲ့ပတ်သက်ပြီး
ကိုင်တွယ်ဆောင်ရွက်ပုံပေါ့လျှော့လွန်းတာကြောင့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့
ရာဇဝတ်မှုနဲ့ ဘိုလ်ဆိုနာရိုကို စုံစမ်းစစ်ဆေးဖို့
ဘရာဇီးနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေက
ICCကိုတိုက်တွန်းခဲ့ပါတယ်။
လွန်ခဲ့တဲ့တလလောက်တုန်းက အကြီးအကဲရာအိုနီ က “ဘိုလ်ဆိုနာရိုဟာ
ဒေသခံတိုင်းရင်းသားပြည်သူတွေကို သုတ်သင်
ရှင်းလင်းဖို့အတွက် ကပ်ရောဂါကိုလက်နက်တခုအနေနဲ့အသုံးချနေတယ်”လို့ AFPနဲ့တွေ့ဆုံမေးမြန်းခန်းတခုမှာ
ပြောဆိုခဲ့ပါတယ်။
ဘိုလ်ဆိုနာရိုရဲ့ ကပ်ရောဂါနဲ့ပတ်သက်ပြီး
ကာကွယ်ဆေးထိုးနှံပေးဖို့အစီအစဉ်တွေဟာနောက်ကျနေသလို ပရမ်းပတာလည်းဖြစ်နေခဲ့ပါတယ်။ အထူးသဖြင့် ဘိုလ်ဆာနာရို ကိုဆန့်ကျင်နေတဲ့
အတိုက်အခံတွေအပေါ်မှာကာကွယ်ဆေးထိုးပေးဖို့စီစဉ်ဆောင်ရွက်ရာမှာဖြစ်ပါတယ်။

Ref:(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •