ဘရာဇီးသမ္မတ Jair Bolsonaro ဟာ Covid-19 positive ဖြစ်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

🇧🇷 ဘရာဇီးသမ္မတ Jair Bolsonaro ဟာ Covid-19 positive ဖြစ်နေပါတယ်။

သူမှာ ကိုယ်အပူချိန်တက်ခြင်းအပါအဝင် Covid လက္ခဏာတွေပြလာပြီးတဲ့နောက် မနေ့က တနင်္လာနေ့မှာ Test လုပ်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့အင်္ဂါနေ့မှာတော့ Covid-19 Positive ဖြစ်နေတယ်လို့ TV အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

သူဟာ Covid-19 ကာလအတွင်း 😷 mask ဝတ်ဖို့ ငြင်းဆန်ခဲ့သူဖြစ်ပါတယ်။ June လအကုန်တုန်းက တရားသူကြီးတစ်ဦးက သူ့ကိုလူထုကြားသွားရင် 😷 mask ဝတ်ဖို့ အမိန့်ချခဲ့ဖူးပါတယ်။

သူဟာ July 4 ရက်နေ့တုန်းက အမေရိကန်ပြည်ထောင်စုသံရုံး လွတ်လပ်ရေးနေ့ပွဲကို တက်ရောက်ရင်း အမေရိကန်သံအမတ်ကြီးနဲ့လည်း နီးနီးကပ်ကပ်ဆက်ဆံခဲ့ပါတယ်။

မတ်လတုန်းကလည်း အမေရိကန်သမ္မတ Trump နဲ့ သွားတွေ့ရင်း သူ့ရဲ့အဖွဲ့ဝင်အချို့မှာ positive တွေ့ခဲ့လို့ သူ့ကိုလည်း Test လုပ်ရာမှာ negative ဖြစ်ဖူးပါတယ်။

သူဟာ lockdown ကို ဆန့်ကျင်ကာ Covid အလေးမထားတဲ့နမူနာနေပြခဲ့ပြီး ကျန်းမာရေးဝန်ကြီးတွေနဲ့ မတည့်သူဖြစ်ပါတယ်။

ဘရာဇီးဟာ လက်ရှိ ကမ္ဘာ့ Covid လူနာ ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး တွေ့သူ 1628283 ယောက်ရှိကာ သေဆုံးသူ 65631 ယောက်အထိရှိနေပါတယ်။

ဘရာဇီးအောက်က တတိယနေရာမှာ ကပ်လိုက်နေတာက အိန္ဒိယဖြစ်ပြီး တွေ့သူ 739646 ယောက်ရှိကာ ဒီနေ့တင် လူနှစ်သောင်းနီးပါးအသစ်တိုးခဲ့ပါတယ်။

Richard Myo Thant
7-July-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •