ဘဝမှာအမှားတွေလုပ်ခဲ့မိလို့အသစ်ကနေပြန်စချင်နေပါသလား❓ Oxford ကာကွယ်ဆေးကပေးတဲ့သင်ခန်းစာတွေကိုဖတ်ကြည့်ပါ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

★ ဘဝမှာ #အမှားတွေလုပ်ခဲ့မိလို့အသစ်ကနေပြန်စချင်နေပါသလား❓🇬🇧 Oxford #ကာကွယ်ဆေးကပေးတဲ့သင်ခန်းစာတွေကိုဖတ်ကြည့်ပါ။

ပြီးခဲ့တဲ့ဧပြီလကုန်မှာ အောက်စဖို့တက္ကသိုလ်မှ သုတေသနပညာရှင်တွေဟာ ကိုဗစ်ကာကွယ်ဆေးကို စမ်းသပ်ထိုးနှံတဲ့အခါမှာ ကာကွယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေဟာ #ထင်ထာထက်ကိုလျော့နည်းသက်သာနေတာကို တွေ့ရှိခဲ့ရပါတယ်။

ခေါင်းကိုက်ခြင်း၊ လက်မောင်းနာကျင်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ #မှန်းဆထားသလောက်ဘာလို့မပြင်းထန်တာလဲဆိုတာကို ပြန်လည်ဆန်းစစ်လေ့လာခဲ့ကြပါတယ်။

အဲ့ဒီမှာသုတေသနပညာရှင်တွေဟာ ထိုးပေးရမယ့်ဆေးပမာဏကို #မှားယွင်းခန့်မှန်းခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

အရင်တုန်းက ဒီချင်ပန်ဇီဗိုင်းရပ်စစ်ပိုးကိုအီဘိုလာရောဂါအတွက် စမ်းသပ်ခဲ့စဉ်မှာ ထိုးပေးရမယ့် ထိရောက်တဲ့ standard dose ပမာဏကို ပိုးကောင်ရေ 5.5 x 10^10 viral particles အဖြစ်တွေ့ရှိအဖြေထုတ်ခဲ့ပြီးသားပါ။

အဲ့ဒါကိုမှားယွင်းပြီး 2.2 x 10^10 viral particles အဖြစ် #ပမာဏတစ်ဝက်လျော့နည်းပြီးခန့်မှန်းမိခဲ့ပါတယ်။

▪️အဲ့ဒါကြောင့် ပထမအသုတ် လူ (၂၇၄၁) ယောက်ကို ကာကွယ်ဆေးဆေး lower dose အဖြစ် #ပုံမှန်ရဲ့တစ်ဝက်စာရှိတဲ့ပမာဏကို မှားယွင်းပြီးထိုးပေးလိုက်မိခဲ့ပါတယ်။

အဲ့ဒီလူတွေမှာ ထင်သလောက် ဘေးထွက်ဆိုးကျိုးတွေမပြတော့မှ သူတို့ပမာဏခန့်မှန်းတာမှားမှန်းသိခဲ့ကြတာပါ။

ဒီလောက်အရေးကြီးနေတဲ့ COVID-19 ကပ်ဆိုးကြီးမှာ #ဘယ်လိုမှခွင့်လွှတ်လို့မရတဲ့အမှားပါ။

အဲ့ဒါနဲ့ အမှားဖြစ်နေတာကို #စမ်းသပ်မှုရပ်ပစ်ပြီးအသစ်ပြန်စကြမလားလို့ ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီလိုအသစ်ပြန်စရင် #လက်ရှိဆေးပမာဏမှားထိုးပြီးသားလူတွေကို ဘာဆက်လုပ်ရမှန်းမသိ၊

ပြီးတော့တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်တွေလည်း ဖြုန်းတီးပစ်ရာရောက်မှာမို့ #ရပ်မပစ်လိုက်ပဲ ဒုတိယအကြိမ် booster dose ထိုးချိန်မှာ ပမာဏအပြည့်ကိုထိုးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

💉💉 ကာကွယ်ဆေးက နှစ်လုံးထိုးပေးရမှာ။

ပထမအလုံးကို prime dose လို့ခေါ်ပြီး ဒုတိယအကြိမ်တစ်လအကြာမှာထပ်ထိုးတဲ့အလုံးကို booster dose လို့ခေါ်တယ်။

အဲ့ဒီတော့ 🇬🇧 Oxford က နှစ်မျိုးခွဲပြီးစမ်းသပ်လိုက်ရပါတော့တယ်။

▪️ဒုတိယအသုတ်ကျတော့မှ လူ (၈၈၉၅) ယောက်ကို ကာကွယ်ဆေးဆေး full dose #ပုံမှန်ရဲ့အပြည့်စာပမာဏရှိတဲ့တစ်လုံး အရင်ထိုးပေးလိုက်တယ်။

တစ်လကြာတဲ့အခါမှာ booster dose အနေနဲ့ #ပုံမှန်အပြည့်ပမာဏရှိတဲ့တစ်လုံး ထပ်ထိုးပေးတယ်။

တကယ်တမ်းသုတေသနရလဒ်လည်းထွက်လာရော အားလုံးအံ့အားသင့်ကုန်ကြပါတယ်။

#ကာကွယ်ဆေးပမာဏတစ်ဝက်လျော့ပြီးမှားထိုးမိတဲ့သူတွေမှာ အာနိသင်ထိရောက်မှုက “၉၀ % ” ရှိတာကိုသွားတွေ့ရကာ ပမာဏအပြည့်နှစ်ကြိမ်ထိုးပေးတဲ့ သူတွေမှာကျတော့ ထိရောက်မှုက “၆၂ %” ပဲရှိတာကို သွားတွေ့ရပါတယ်။

ဒါကြောင့် AstraZeneca ရဲ့ Executive vice-president ဖြစ်သူ Mene Pangalos က “The reason we had the half dose is serendipity. ” လို့ပြောခဲ့တာပါ။

(Serendipity = မထင်မှတ်ပဲမုတ်ဆိတ်ပျားစွဲတွေ့ရှိခြင်း)

ဆေးပမာဏတစ်ဝက်မှားထိုးမိတာဟာ #မုတ်ဆိတ်ပျားစွဲခဲ့တာပဲလို့ ဆိုလိုက်တာပါ။

▪️ဘာဖြစ်လို့ ဆေးပမာဏကို တစ်ဝက်အရင်ထိုးပြီး တစ်လအကြာမှာ အပြည့်ထပ်ထိုးတာက #ပိုထိရောက်မှုရှိနေတာလဲ❓

လူကိုတကယ့်ရောဂါကူးစက်ပုံနဲ့ သဏ္ဌာန်တူသွားလို့ဖြစ်နိုင်တယ်လို့ အောက်စဖို့တက္ကသိုလ်မှ Professor Sarah Gilbert ကပြောပါတယ်။

Moral of the Story
~~~~~~~~~~~~~
​Oxford တက္ကသိုလ်ရဲ့ကာကွယ်ဆေးစမ်းသပ်မှုကနေ ဘဝအတွက် အောက်ပါသင်ခန်းစာလေးတွေကို သင်ယူရရှိခဲ့ပါတယ်။

★ ဘဝမှာအမှားတွေကိုမထင်မှတ်ပဲလုပ်မိတတ်ပါတယ်။ #ဆက်လက်ပြုပြင်လို့မရတဲ့အမှားဆိုတာမရှိပါ။

ကျနော့်ဘဝမှာလည်းပြန်စဉ်းစားတိုင်းမှာကျူးလွန်မိခဲ့တဲ့အမှားတွေအများကြီးပါ။

★ အရေးကြီးတာက #မှားနေပြီဆိုပြီးတော့လည်းလက်လျော့မပစ်လိုက်ဖို့နဲ့မှားနေမှန်းသိသိနဲ့ဆက်မမှားမိဖို့ပါ။

အကယ်၍ အောက်စဖို့တက္ကသိုလ်ကပညာရှင်တွေဟာ မှားသွားပြီပြင်လို့မရတော့ဘူးဆိုပြီးစမ်းသပ်လက်စသုတေသနကိုရပ်တန့်ပစ်ခဲ့ရင် ဒီ (၉၀%) အာနိသင်ထက်မြက်နိုင်မယ့်နည်းကို တွေ့ရှိခဲ့မှာမဟုတ်ပါဘူး။

#အမှားကိုအရှုံးမပေးပဲဆက်လျှောက်ရင် မုတ်ဆိတ်ပျားစွဲတဲ့အောင်မြင်မှုတွေကို မထင်မှတ်ပဲရရှိတတ်ပါတယ်။

★ အကယ်၍ အောက်စဖို့တက္ကသိုလ်ကပညာရှင်တွေဟာ မှန်ကန်တဲ့ dose ပမာဏကို ဒုတိယအကြိမ်ထိုးချိန်မှာ မပြင်ဆင်ပေးခဲ့ရင်လည်း ဒီအောင်မြင်မှုရလဒ်ကို ရရှိခဲ့မှာမဟုတ်ပါဘူး။

#မှားနေတဲ့အမှားကိုအမှန်သိရတာနဲ့အချိန်မီပြင်ပါ။

★ နောက်တစ်ခုက ဘဝမှာအကြီးကြီးတွေနဲ့စတာထက် #ကိုယ်နိုင်တဲ့တစ်ပိုင်းတစ်စကနေစတင်ပြီးမှ တစ်ခုလုံးကိုကိုင်တဲ့ #နှစ်ဆင့်ကိုင်တွယ်နည်းဟာ ပိုမိုထိရောက်အောင်မြင်တဲ့လုပ်ငန်းလုပ်နည်းတစ်ခုဖြစ်ပါတယ်။

ပထမတစ်ဝက် half dose နဲ့ထိုးပြီး ဒုတိယ full dose အပြည့်နဲ့ထိုးချိန်မှာ ပိုမိုထိရောက်တဲ့တုန့်ပြန်မှုကို ရတတ်ပါတယ်။

★ ဘဝမှာ challenging စိန်ခေါ်မှုတွေ၊ unexpected မမျှော်လင့်တဲ့ရလဒ်တွေနဲ့ exciting စိတ်လှုပ်ရှားစရာကောင်းပါတယ်။

★ အရေးကြီးတာက #အမှားရဲ့ဆွဲနှစ်မှုအောက်မှာဆက်မခံရဖို့ပါ။

လက်လျော့အရှုံးမပေးပဲဆက်လက်ရင်ဆိုင်ကြပါစို့။

https://www.facebook.com/109119807474881/posts/185231629863698/?d=n

Richard Myo Thant
25-November -2020


Spread the love
  •  
  •  
  •  
  •  
  •  
  •