ဘာကြောင့် နိုင်ငံရေးလုပ်လဲလို့ ကျွန်မကို မေးရင် “ကျန်းမာပါစေ” လို့ ဆုပေးကြတဲ့ ပြည်သူတွေအတွက်က ပထမလို့ ဝန်ခံဖြေရပါမယ် (ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မနေ့က “ကျန်းမာပါစေ“ ဆိုတဲ့စကားလုံးလေးတွေအကြောင်းပြောမယ်လို့ ရေးခဲ့ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းစည်းရုံးရေးခရီးသွားနေစဉ် နေ့တစ်နေ့၊ မြို့ရွာတွေနဲ့ အလှမ်းဝေးတဲ့ နေရာတစ်နေရာ၊ လမ်းမကြီးဘေးနှစ်ဘက်မှာ လယ်ကွင်းတွေနဲ့ လူသူမရှိ။

ကျွန်မတို့ကား လမ်းမကြီးပေါ်က လာတာကို မိသားစုလေးတစ်စုက စောင့်ကြိုနေပါတယ်။ အဖေ၊ အမေ၊ ကလေးငယ်။ နောက်ခံအဖြစ်က သူတို့နေတဲ့ အဖီကလေး။ ဒါပဲ သူတို့မှာ ရှိပါတယ်ဆိုတော့ လိုချင်တာတွေ အများကြီး ရှိမှာပါ။ ဒါပေမဲ့ သူတို့ရဲ့ ကြည်လင်တဲ့မျက်နှာတွေက တောင်းဆိုတဲ့ အရိပ်မရှိ၊ ယူလိုတဲ့အသွင် မပေါ်။ အပြုံးပန်းတွေကိုသာ ပေးဝေပြီး၊ “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”လို့ သံချို သွေးလိုက်ကြပါတယ်။

ဒီမိသားစုလေးကို ရပ်ပီး နာမည်မေးလိုက်ရ အကောင်းသားလို့ တွေးမိခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူရယ်မှန်းမသိတော့ သူတို့လေးတွေဟာ ကျွန်မအတွက် ပြည်သူတွေရဲ့ ပုံရိပ်ဖြစ်လာပါတယ်။ ဘာကြောင့် နိုင်ငံရေးလုပ်လဲလို့ ကျွန်မကို မေးရင် “ကျန်းမာပါစေ” လို့ ဆုပေးကြတဲ့ ပြည်သူတွေအတွက်က ပထမလို့ ဝန်ခံဖြေရပါမယ်။

 

(ဒေါ်အောင်ဆန်းစုကြည်)


Spread the love
  •  
  •  
  •  
  •  
  •  
  •