“ဘာလီနိုက်ကလပ်ဗုံးခွဲမှုမှာတာဝန်ရှိတဲ့ အစွန်းရောက်တော်လှန်ရေးဝါဒီဘာသာရေး ခေါင်းဆောင်က်ို အင်ဒိုနီးရှားကပြန်လွှတ်ပေး”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ဘာလီနိုက်ကလပ်ဗုံးခွဲမှုမှာတာဝန်ရှိတဲ့
အစွန်းရောက်တော်လှန်ရေးဝါဒီဘာသာရေး
ခေါင်းဆောင်က်ို အင်ဒိုနီးရှားကပြန်လွှတ်ပေးခဲ့”

January 9,2021

ဘာလီကနိုက်လပ်မှာ ဗုံးဖောက်ခွဲမှုနဲ့
ဆက်နွယ်ပတ်သက်နေတဲ့အစွန်းရောက်တော်လှန်ရေးဝါဒီဘာသာရေးခေါင်းဆောင်
တယောက်ကို သောကြာနေ့က အကျဉ်းထောင်ကပြန်လွှတ်ပေးလိုက်တဲ့သတင်းဟာ ထိခိုက်ခံစားခဲ့ရတဲ့သူတွေ အကြားမှာဝမ်းနည်းကြေကွဲမှုတွေ၊ဒေါသတွေကိုဆယ်စုနှစ် နှစ်ခုကြာပြီးတဲ့နောက်မှာ ပြန်လည်ခံစားခဲ့ကြ
ရပြန်ပါတယ်။အဲ့ဒီအချိန်တုန်းကဖြစ်ခဲ့တဲ့ အင်ဒိုနီးရှားရဲ့အဆိုးဝါးဆုံးအကြမ်းဖက်တိုက်ခိုက်မှုမှာနိုင်ငံခြားသားတွေအများဆုံးပါဝင်တဲ့လူ၂၀၀ကျော်ထိခိုက်သေဆုံးခဲ့ရတဲ့အဖြစ်ဆိုးကိုကြုံတွေ့ခဲ့ကြရပါတယ်။

အသက်၈၂နှစ်အရွယ် အဘူ ဘက်ကာ
ဘာရှီအာ ဟာ ဂျမ္မား အစ္စလမ်မီးယား(JI)
အစ္စလမ္မစ် အကြမ်းဖက်ကွန်ယက်ရဲ့ ဘာသာ
ရေးခေါင်းဆောင်တယောက်လို့ရှုမြင်ထားပြီး
လူပြည့်သိပ်နေတဲ့ အဖျော်ယမကာဆိုင်နှစ်ခုကို
တစစီဖြစ်သွားစေခဲ့တဲ့၂၀၀၂ခုနှစ်
အောက်တိုဘာလမှာဖြစ်ပွါးခဲ့တဲ့ ပြင်းထန်တဲ့ပေါက်ကွဲမှုကြီးမှာ အဓိကတာဝန်ရှိခဲ့ပါတယ်။
ကွန်ဆာဗေးတစ်အာဆေးပြည်နယ်မှာ
စစ်သွေးကြွလေ့ကျင့်မှုကို ရံပုံငွေထောက်ပံ့ပေး
မှုအတွက် ဗုးဖောက်ခွဲမှုနဲ့ပတ်သက်ဆက်နွယ်ခြင်းမရှိတဲ့
ထောင်ဒါဏ်ချမှတ်တဲ့သက်တမ်းပြီးဆုံးသွားပြီးနောက် သွေးမြောက်ချိုကြွနေတဲ့ တရားဟောဆရာကို
ထောင်ကလွှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွါးခဲ့တဲ့ 9/11တိုက်ခိုက်မှုအပြီး တနှစ်အကြာမှာဖြစ်ပွါးခဲ့တဲ့ ကြောက်စရာ
ကောင်းတဲ့ အပန်းဖြေကျွန်းဗုံးဖောက်ခွဲမှုတွေ
မှာ သူပါဝင်ပတ်သက်နေတယ်လို့ ကာလရှည်ကြာ ယုံကြည်နေခဲ့ကြပါတယ်။
အတွင်းမှာ ဘာရှီအာလိုက်ပါသွားတဲ့ ဗင်ကားတစီးဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ တန်ပြန်
အကြမ်းဖက်မှုတပ်ဖွဲ့က အရေးပါသူတွေလိုက်ပါလျှက် သောကြာနေ့နံနက်၅နာရီ၃၀မိနစ်ဝန်းကျင်
(2230GMTကြာသပတေးနေ့)မှာ မြို့တော်
ဂျာကာတာအနီးမှာရှိတဲ့ ဂန်းနန်းဆင်းဒါး(ရ်)
အကျဉ်းထောင်ကနေ ထွက်ခွါသွားခဲ့ပြီး
ဘာရှီအာဟာ သူ့ရဲ့ဇာတိဖြစ်တဲ့ဆိုလိုမြို့ကို
ပြန်သွားတာလို့မျှော်လင့်ရပါတယ်။
၂၀၁၁ခုနှစ်မှာ ထောင်ဒါဏ်၁၅နှစ်အချခံခဲ့ရပေမဲ့ အင်ဒိုနီးရှားရဲ့ထုံးစံအတိုင်း အခြားအကျဉ်းသားတွေလိုပဲ
ထောင်ဒါဏ်လျှော့ရက်တွေကိုသူရရှိခဲ့ပါတယ်။
ဘာလီဗုံးဖောက်ခွဲမှုပတ်သက်ပြီးဘာရှီအာ
ကိုအရင်ကအကျဉ်းချခဲ့ပေမဲ့ အယူခံဝင်တဲ့
အခါပြစ်ဒါဏ်က ရုပ်သိမ်းပေးခဲ့ပါတယ်။
သူကဗုံးဖောက်ခွဲမှုနဲ့ပတ်သက်ပြီး ထပ်တလဲလဲငြင်းဆိုခဲ့သလို သူဘယ်အခန်း
ကဏ္ဍက ပါဝင်ပတ်သက်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းမသိခဲ့ရပါဘူး။
“ဒါပေမဲ့သူဟာ ဒီကိစ္စကို တိုက်ရိုက်ဖြစ်
စေ၊သွယ်ဝိုက်၍ဖြစ်စေ ထောက်ခံ အားပေး
ခဲ့ပါတယ်။”လို့ ဂျာကာတာအခြေစိုက် လုံခြုံရေးရာ ခွဲခြမ်းစိတ်ဖြာသုံးသပ်သူ
ဆစ်ဒနေ ဂျုံး ကပြောခဲ့ပါတယ်။

“လှိုက်လှဲနွေးထွေးစွာကြိုဆို”

ဘာလီဗုံးဖောက်ခွဲမှုတွေဟာ ဂျာကာတာကို အမေရိကန်ပြည်ထောင်စုနဲ့သြစတေးလျှနိုင်ငံ
တွေနဲ့အတူ တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေ အလျှင်အမြန်ပူးပေါင်းဆောင်ရွက်မှု
ဖြစ်ပေါ်လာစေခဲ့ပါတယ်။
၂၀၀၂ခုနှစ်တိုက်ခိုက်မှုအပြီးနောက်ပိုင်းနှစ်
များမှာ အင်ဒိုနီးရှားလုံခြုံရေးတပ်ဖွဲ့တွေဟာ
JI တပ်ဖွဲ့ကို တစတစနဲ့အကြီးအကျယ် ဖြိုခွဲဖျက်ဆီးနိုင်ခဲ့ပါတယ်။နောက်ပိုင်း၂၀၀၅ခုနှစ်မှာ အပန်းဖြေ
ကျွန်းဗုံးဖောက်ခွဲမှုတခုဖြစ်ပေါ်ခဲ့ပါတယ်။
ဘာလီဗုံးပေါက်ကွဲမှုများဖြစ်ပွါးအပြီး၁၃
နှစ်အကြာမှာ နိုင်ငံခြားသားတွေအလည် ပြန်ရောက်လာကြပေမဲ့ နာကျင်သတိရစရာအဖြစ်ကိုအမှတ်ရနေကြဆဲပဲဖြစ်ပါတယ်။
ဘာရှီအာရဲ့သြဇာလွှမ်းမိုးမှုတွေမှိန်ဖျော့
ပျောက်ကွယ်သွားခဲ့ပေမဲ့ လွန်ခဲ့တဲ့နှစ်တွေမှာ
အကြမ်းဖက်ကွန်ယက်တွေပြန်လည်ရှင်သန်
လှုပ်ရှားလာတဲ့အရိပ်လက္ခဏါတွေ့ တွေ့မြင်
လာရတယ်လို့ ဂျုံးကပြောဆိုခဲ့ပါတယ်။
“ဒါပေမဲ့သူလွတ်မြောက်လာတာကို အရင်
JI အဖွဲ့နောက်လိုက်နောက်ပါတွေက ဝမ်းမြောက်ဝမ်းသာကြိုဆိုကြမှာပါ။အင်ဒိုနီးရှားမှာဖြစ်နေတဲ့ဘာသာရေးအစွန်းရောက်တော်လှန်ရေးဝါဒီတွေရဲ့လှုပ်ရှားမှုမှာ
သူဟာဝါရင့်ခေါင်းဆောင်တယောက်ဖြစ်နေတာကြောင့်ပါ။”လို့သူမကထပ်ပြောပါတယ်။
ဘာရှီအာရဲ့ရှေ့နေတွေက အရှေ့တောင်အာရှဒေသရဲ့ လူတွေပြည့်သိပ်နေတဲ့ နာမည်ဆိုးနဲ့ကျော်ကြား
တဲ့အကျဉ်းထောင်စံနစ်တွေကြောင့် အသက်
အရွယ်ကြီးရင့်နေတဲ့ ဘာရှီအာအတွက် ကိုဗစ်-၁၉ဗိုင်းရပ်(စ်)ရောဂါကူးစက်ခံရမဲ့
အန္တရယ်ရှိပါတယ်ဆိုပြီးသူ့ကိုလွှတ်ပေးဖို့အယူခံလွှာတင်သွင်းခဲ့ပါတယ်။
လွန်ခဲ့တဲ့၂နစ်လောက်ကသူ့ကို စောပြီးလွှတ်ပေးခဲ့ဖို့အစိုးရကဆုံးဖြတ်ခဲ့ချိန်မှာ
သက်ညှာခွင့်ပေးခဲ့တဲ့အတွက် အပြန်အလှန်
အနေနဲ့ သူ့ရဲ့အစွန်းရောက်အမြင်ကိုစွန့်လွှတ်ဖို့
တောင်းဆိုတာကို ဒီဘာသာရေးခေါင်းဆောင် က ငြင်းပယ်ခဲ့ပါတယ်။
ဒီအစီအစဉ်ဟာ မိခင်တိုင်းပြည်မှာကော
ဘာလီတိုက်ခိုက်မှုမှာ သူ့နိုင်ငံသား၈၈ယောက်
သေဆုံးခဲ့ရတဲ့ သြစတေးလျှနိုင်ငံမှာပါ နိုင်ငံရေးတုန့်ပြန်ချက်တွေပေါ်ပေါက်လာခဲ့
တာကြောင့် ချောင်ထိုးထားခြင်းခံလိုက်ရပါတယ်။

ဘာရှီအာပြန်လည်လွတ်မြောက်လာတဲ့ သတင်းဟာ ဂျန်လက်ဇင်စကီ အတွက်တော့ ကြောက်မက်ဖွယ်ရာအမှတ်တရတွေကိုပြန်ပြီး
သတိရလာစေခဲ့ပါတယ်။
သြစတေးလျှကိုလေယာဉ်နဲ့မပြန်သေးခင်
လက်ဇင်စကီဟာ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ
ဆာရီ ကလပ်မှာအရက်သောက် နေကြပါတယ်။
နာရီများစွာကြာပြီးနောက် ဒီအရပ်ဒေသကို တစစီဖြစ်သွားစေတဲ့ကြီးမားပြင်းထန်တဲ့တသီတတန်းကြီးပေါက်ကွဲမှုတွေကြောင့် သူနဲ့
သူ့ရဲ့သူငယ်ချင်း၅ယောက်ဟာ ရာနဲ့ချီတဲ့သေဆုံးသူတွေကြားမှာရောက်ရှိသွား
ခဲ့ကြရပါတယ်။
“ကျွန်တော်အရမ်းကိုထိခိုက်နာကျင်ရတယ်။
တရားမျှတမှုရအောင်ဆောင်ရွက်တာကို
ကျွန်တော်မြင်ချင်ခဲ့ပါတယ်။”လို့ မဲလ်ဘုန်းမြို့ကနေသူကAFPကိုအစောပိုင်းမှာ
ပြောဆိုခဲ့ပါတယ်။
“နောက်တပတ်ရောက်တဲ့အထိတောင်မှ သူတို့ရဲ့မီးလောင်ကျွမ်းထားတဲ့ဒါဏ်ရာတွေကို
ခွဲစိတ်ကုသနေရဆဲလူနာတွေရှိနေတုန်းပဲ။
လူတွေဟာဝေဒနာတွေခံစားနေရတုန်းပါပဲ။”
သီအိုလီနာ ဖာရာဝတီ မာပေါင်ဟာ ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့်လွင့်စင်ထွက်လာတဲ့မှန်ကွဲစတွေထိမှန်ခဲ့တာကြောင့်
ရာသက်ပန်လုံးမပျောက်ကင်းနိုင်တော့တဲ့
မျက်စိထိခိုက်တဲ့ဒါဏ်ရာတွေရရှိသွားခဲ့သလို
အင်ဒိုနီးရှားလူမျိုးတွေ နဲ့ အခြားနိုင်ငံပေါင်း၂၀
ကျော်ကရောက်ရှိလာကြတဲ့ အားလပ်ရက်အပန်းဖြေခရီးထွက်လာကြသူတွေ အစုလိုက်အပြုံလိုက်သေဆုံးသွားခဲ့ ကြရပါတယ်။
“သူလွတ်မြောက်သွားတာ အတော့်ကိုစိတ်
မသက်မသာခံစားရတယ်ဗျာ။”လို့ ဘာလီမှာ
နေထိုင်သူတဦးကပြောပါတယ်။
“သူ(ဘာရှီအာ)လူကောင်းတယောက် ဖြစ်လာပါစေလို့ ကျွန်တော်ဆုတောင်း ပါတယ်။ဒါပေမဲ့ အာဏာပိုင်တွေက သူ့ကို
ဂရုတစိုက်စောင့်ကြည့်နေလိမ့်မယ်လို့မျှော်
လင့်ပါတယ်။”
ဘာရှီအာရဲ့သားဖြစ်သူ အက်ဘ်ဒူ ရိုဟင်(မ်)က သူ့အဖေဟာအစွန်းရောက်အတွေးအမြင်စံနစ်
ရဲ့”သားကောင်”အဖြစ်ဖော်ပြခဲ့ပြီး၊ဒါပေမဲ့
သူ့မိသားစုဟာသူ့ရဲ့(ဘာရှီအာရဲ့)တင်းမာတဲ့
သဘောထားအမြင်တွေကို ပျော့ပြောင်းလာ
အောင်ကြိုပမ်းကြမယ်လို့ဆိုပါတယ်။
“နောက်ပိုင်းမှာ သူဘယ်သူတွေနဲ့တွေ့ဆုံသလဲဆိုတာကို ကန့်သတ်ချုပ်ချယ်ဖို့တော့ခဲယဉ်းပါလိမ့်မယ်။
ဒါပေမဲ့ ကျွန်တော့မိသားစုက သူနောက်တကြိမ်
ထောင်ထဲပြန်ရောက်မှာကိုတော့မမြင်ချင်တော့ဘူး။”လို့ အစ္စလမ္မစ်ကျောင်းဆရာရိုဟင်(မ်)က
ပြောပါတယ်။
ဘာရှီအာကို ဘယ်စင်မြင့်ပေါ်ကမှ အကြမ်းဖက်အယူအဆတွေကိုမဖြန့်ဝေ နိုင်အောင်အသေအချာလုပ်ဖို့ လက်ဇင်စကီက
အာဏာပိုင်တွေကိုတိုက်တွန်းပါတယ်။
“သူထောင်ထဲမှာပြောင်းလဲမသွားခဲ့ပါဘူး။
ပိုဆိုးရင်သာဆိုးလာမယ်။”လို့ သြစတေလျှနိုင်ငံသား လက်ဇင်စကီကပြော
ပါတယ်။
“သူဟာသူရဲ့မကောင်းမှုတွေကို အမြဲတန်း
ဟောပြောပို့ချနေတယ်။အဲ့ဒီမကောင်းမှုတွေကို
ရပ်တန့်ပစ်ရမယ်။”
တိုက်ခိုက်မှုတွေမှာပါဝင်ငြိစွန်းနေတဲ့
JI အဖွဲ့ဝင်တွေအတော်များများဟာ နောက်ပိုင်းမှာ အင်ဒိုနီးရှားအာဏာပိုင်တွေနဲ့
ထိပ်တိုက်ရင်ဆိုင်တွေ့ရာမှာ သုတ်သင်သတ်ဖြတ်ခြင်းခံခဲ့ကြရပါတယ်။
အယ်ကေးဒါးတွေနဲ့ဆက်နွယ်ပတ်သက်
နေတဲ့ JI အဖွဲ့ဟာ ၁၉၈၀ကျော်နှစ်များမှာ
အိမ်နီးချင်းမလေးရှားနိုင်ငံကို ပြည်နှင်ဒါဏ်ခံရတဲ့ စစ်သွေးကြွလက်တဆုပ်စာနဲ့စတင်ဖွဲ့စည်း
တည်ထောင်ခဲ့ပြီး၊အရှေ့တောင်အာရှဒေသတဝှန်းမှာ
ကလာပ်စည်းအဖွဲ့ဝင်တွေ တဖြည်းဖြည်းတိုးပွါးလာခဲ့ကြပါတယ်။
ဒီအကြမ်းဖက်အုပ်စုကို ဂျာကာတာမြို့က
‘JW Marriott’ဟိုတယ်မှာ ၂၀၀၃ခုနှစ်ကားဗုံးခွဲ
တိုက်ခိုက်မှုနဲ့ နောက်နှစ်မှာသြစတေးလျှသံရုံး
အပြင်ဘက်အသေခံကားဗုံးခွဲတိုက်ခိုက်မှုအပါအဝင်အခြားသောအကြမ်းဖက်တိုက်ခိုက်မှုတွေအတွက်အပြစ်တင်ထားခဲ့ပါတယ်။

Ref:(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •