ဘာသာရေးအလွဲသုံးစားပြု၍(မဲဆွယ်လျင်) ရွေးကောက်ပွဲ မဲအနိုင်ရသော်လည်း ကိုယ်စားလှယ်အဖြစ်ကပျက်ပြယ်နိုင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဘာသာရေးအလွဲသုံးစားပြု၍ ရွေးကောက်ပွဲ မဲအနိုင်ရသော်လည်း ကိုယ်စားလှယ်အဖြစ်ကပျက်ပြယ်နိုင်

ဘာသာရေးအလွဲသုံးစားပြု၍ ရွေးကောက်ပွဲ မဲအနိုင်ရသော်လည်း ကိုယ်စားလှယ်အဖြစ်ကပျက်ပြယ်နိုင်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

အောက်တိုဘာ ၂၀ရက်က နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်းဌာနများသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အဲဒီလို ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်ပြီဆိုလို့ရှိရင် ရွေးကောက်ပွဲဥပဒေမှာပါတဲ့ အခန်း၁၃နဲ့၁၄ပြစ်မှုနဲ့ပြစ်ဒဏ်နဲ့လည်းငြိစွန်းတယ်။နောက်ပြီးတော့ ရွေးကောက်ခံရလို့ အနိုင်ရသွားတောင်မှ အဲဒီကိစ္စပေါ်ပေါက်လာလို့ရှိရင် အနိုင်ရခြင်းကနေ ပြန်လည်ပယ်ဖျက်သွားနိုင်ပါတယ်။ အခုလည်းပဲ အသိပေးကြေညာခြင်းတွေလုပ်ခဲ့ပါတယ်။

အရင့်အရင် ခုံရုံးမှာစစ်တဲ့ ကန့်ကွက်လွှာတွေမှာလည်းပဲ ဘာသာရေးကို နိုင်ငံရေးမှာ အနိုင်ရဖို့အလွဲသုံးတဲ့အခါမှာ ကန့်ကွက်လွှာတင်သွင်းတဲ့အတွက်ကြောင့် ပြန်ပြီးတော့ ပယ်ဖျက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်းပဲ တွေ့ကြုံရပါတယ်။အဲဒါကြောင့် အသိပညာပေးတာတွေလှုံဆော်ထားတယ်။ သတင်းစာမှာလည်းကြော်ငြာထားတယ်။အဲဒါမှ အဲဒီလိုလုပ်လာလို့ အနိုင်ရရှိသွားလို့ တစ်ဖက်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်လာလို့ ခုံရုံးကစစ်ဆေးလို့ အဲဒီအချက်က ပေါ်သွားပြီဆိုလို့ရှိရင် မိမိအနိုင်ရသော်လည်း ပြန်ပြီးဆုံးရှုံးသွားနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ တွင် နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ၊သာသနာကိုအလွဲသုံးစားမပြုရဟု ပြဌာန်းပါရှိသည်။
သီဟလင်း (MH)
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •