ဘားအံမြို့နယ်အတွင်းသို့ ရန်ကုန် Stay at Home (၇)မြို့နယ်နှင့် ရခိုင် မှ လာသူများ Quarantine ဝင်ခိုင်း၊မွန်ပြည်နယ်မှ လာသူများ စစ်ဆေး၍ ပြန်လွှတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဘားအံမြို့နယ်အတွင်းသို့ ရန်ကုန် Stay at Home (၇)မြို့နယ်နှင့် ရခိုင် မှ လာသူများ Quarantine ဝင်ခိုင်း၊မွန်ပြည်နယ်မှ လာသူများ စစ်ဆေး၍ ပြန်လွှတ်

ဘားအံမြို့နယ်အတွင်း  Coronavirus Diseases 2019 (COVID-19) ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေးအတွက်  ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ စက်တင်ဘာလ ၂ ရက်နေ့မှ စတင်၍ နံနက် ၈ နာရီ မှ ည ၈ နာရီထိ ဘားအံမြို့နယ်၏ အဓိက ဝင်ပေါက်/ထွက်ပေါက်ဖြစ်သော သံလွင်တံတား(ဘားအံ)နှင့် ဂျိုင်းတံတား(ဇာသပြင်)တို့တွင် (COVID-19 )ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဘားအံမြို့နယ်အတွင်းသို့ အခြားဒေသမှ ဝင်ရောက်လာသော ခရီသည်များ၏ ကိုယ်ရေးအချက်အလက်များရယူခြင်၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်းများဝေငှ၍ တပ်ဆင်စေခြင်းများကို နေ့စဉ် စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်သည်။

 

သံလွင်တံတား(ဘားအံ)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Stay at Home အဖြစ် သတ်မှတ်ထားသည့် မြို့နယ်(၇)မြို့နယ်နှင့် ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသူများအား စံဖရီးကျေးရွာအုပ်စု၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းရှိ Quarantine Center တွင် ထားရှိစောင့်ကြပ်ဆောင်ရွက်၍  Swap နမူနာများ ရယူစစ်ဆေးဆောင်ရွက်ခြင်းနှင့် ဂျိုင်းတံတား(ဇာသပြင်)တွင် မွန်ပြည်နယ်မှ လာရောက်/ပြန်လာသူများအား စစ်ဆေး၍ ပြန်လည်စေလွှတ်ခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု Quarantine Center တွင် ထားရှိ စောင့်ကြပ်စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ ဘားအံမြို့နယ်၏ အဓိကဝင်ပေါက်/ထွက်ပေါက်ဖြစ်သည့် သံလွင်တံတား (ဘားအံ)နှင့် ဂျိုင်းတံတား(ဇာသပြင်)တို့တွင် (COVID-19) ရောဂါကာကွယ်၊ ထိန်ချုပ်ရေး အတွက် စစ်ဆေးဆောင်ရွက်မှုအခြေအနေအား အများပြည်သူ သိရှိနိုင်ရေး အသိပေးကြေညာ အပ်ပါသည်။

COVID-19ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ ၊
ဘားအံမြို့


Spread the love
  •  
  •  
  •  
  •  
  •  
  •