ဘီလီလမင်းအေးရဲ့၂၅နှစ်ပြည့်မွေးနေ့ကျင်းပ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တေးသံရှင်ဘီလီလမင်းအေးရဲ့၂၅နှစ်ပြည့်မွေးနေ့ပွဲကိုမတ် လ၂၂ရက် ညနေ၄နာရီက ရန်ကုန် မြို့သင်္ဃန်းကျွန်းမြို့နယ်၊လေးထောင့်ကန်လမ်းမပေါ်ရှိThe Secret Spot Bar & Grill,Myanmar Sports Hotel မြက်ခင်းပြင်မှာသူမရဲ့ဖန်တွေ၊we love တွေ မီဒီယာတွေသူငယ်ချင်းတွေနဲ့အတူအေးအေးချမ်းချမ်း ဖြတ်ကျော်ခဲ့ပါတယ်။
အဲဒီမွေးနေ့ပွဲလေးမှာလက်ဆောင်အဖြစ်ဘီလီလမင်းအေးရဲ့ပရိသတ်တွေကသိန်း၃၂၀ကျပ်တန်ဖိုး ရှိတဲ့ ဟွန်ဒိုင်း accent ကားတစ်စီးလက်ဆောင်ပေးခဲ့ပါတယ်။


“ဖူးဘဝမှာ ဒါပထမဆုံးပါပဲ။ တစ်ခါမှလက်ဆောင်ကြီးကြီးမားမားရဖူးတာမရှိဘူး။တကယ့်ကိုကျေးဇူးတင်ပါတယ်။ပျော်တယ်။တကယ်တန်း ပြောရရင်ဒယ်ဒီတို့မာမားတို့ကလုံးဝကားပေးမမောင်းဘူး။နယ်မှာကတည်းကကားပေးမမောင်းဘူး။ဒါပေမဲ့အခုဒီကားလေးလက်ဆောင်ရ လိုက်ပြီဆိုတော့ပေးမောင်းတော့မယ်ထင်တယ်။နေ့တိုင်းမဟုတ်ရင်တောင်တစ်လတစ်ကြိမ်လောက်တော့ပေးမောင်းမယ်ထင်တယ်။ ဒီနေ့မနက်မှာဖူးရဲ့ဖန်တွေနဲ့အလှူလုပ် ပါတယ်။လူစုလူဝေးမလုပ်ရဘူးဆို တော့ဖူးတို့တွေတစ်နေရာကိုနည်း နည်းဆီသွားပြီးလုပ်ကြပါတယ်။ဖူးရဲ့မွေးနေ့အတွက်စီစဉ်နေတာကတော့ တစ်လလောက်ရှိပါပြီ။နယ်က ညီအစ်ကိုမောင်နှမတွေကိုလည်း ခေါ်ချင်လို့ပါ။ဒါပေမဲ့အခုက ခရီးမသွားရဘူး။ဆိုတဲ့အကြောင်းအရာတွေပေါ်လာတော့တချို့ကလည်း မလာချင်ကြတော့ဘူးပေါ့နော်။ဒါပေမဲ့စီစဉ်ထားတာလေးလည်းမဖျက်ချင်တာနဲ့မွေးနေ့ပွဲလေးလုပ်ဖြစ်သွား တာပါ။


၂၅နှစ်ပြည့်မွေးနေ့မှာမိဘ၂ပါးနဲ့မိသားစုတွေကိုကျွေးမွေးပြုစုစောင့်ရှောက်ရမယ်ဆိုတဲ့အသိတရားပိုရလာပြီး လက်ရှိတော့အိမ်တွင်းပုန်း လုပ်နေတယ်လို့လည်းတေးသံရှင် ဘီလီလမင်းအေးကပြောပါတယ်။


” ဖူးရဲ့မိဘတွေကဖူးကို၂၅နှစ်တိုင်အကောင်းဆုံးချစ်ပေးကြတယ်။အဲဒီအတွက်ဒယ်ဒီနဲ့မာမားကဘုရားပြင်ဆင်ပေးတဲ့အကောင်းဆုံးလက်ဆောင်ပါ။ဒယ်ဒီနဲ့မာမားရဲ့သမီးဖြစ်ရတာကိုလည်းအရမ်းကျေနပ်ပါတယ်။အသက်တစ်နှစ်ကြီးလာတော့တစ်နှစ်ပိုရင့်ကျက်လာတယ်။ပိုအိုလာတယ်ပေါ့နော်။ဖူးကသမီးအကြီးဆိုတော့တာဝန်တွေပိုများလာတယ်လို့ခံစားရပါတယ်။လောလောဆယ်အိမ်မှာပဲသီချင်းတွေလုပ် ဖြစ်တယ် ” လို့ပြောပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •