ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် Church ၊ ဗလီနှင့် ဟိန္ဒူကျောင်းများ၌ ဝတ်ပြုဆုတောင်းခြင်းများကို တစ်လလျှင် (၄)ရက် တစ်ကြိမ်လျှင် လူ(၃၀)ဦးထက်မပိုဘဲ ပြန်လည်ခွင့်ပြု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် Church ၊ ဗလီနှင့် ဟိန္ဒူကျောင်းများ၌ ဝတ်ပြုဆုတောင်းခြင်းများကို တစ်လလျှင် (၄)ရက် တစ်ကြိမ်လျှင် လူ(၃၀)ဦးထက်မပိုဘဲ ပြန်လည်ခွင့်ပြု

COVID-19 ရောဂါ ဖြစ်ပွားမှု ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ် များ၏ ဖြစ်ပေါ်တိုးတက်မှုအရ (၁၆-၈-၂၀၂၀) ရက်နေ့မှ စတင်၍ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလ ဆောက်တည်ခြင်းကို လဆန်း/လဆုတ်(၈)ရက်နေ့များနှင့် လပြည့်/လကွယ် ဥပုသ် နေ့များတွင် တစ်လလျှင် (၄)ရက်၊ အခြားဘာသာဝင်များအနေဖြင့် သက်ဆိုင်ရာ Church ၊ ဗလီနှင့် ဟိန္ဒူ ကျောင်းများတွင် ဝတ်ပြုဆုတောင်းခြင်းများကို ရက်သတ္တ(၁)ပတ်လျှင် (၁)ရက်ဖြင့် တစ်လလျှင် (၄)ရက် ပြုလုပ်ခွင့်အား တစ်ကြိမ်လျှင် လူ(၃၀)ဦးထက်မပိုဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များ နှင့်အညီ စနစ်တကျ ဆောင်ရွက်စေပြီး ပြန်လည်ခွင့်ပြုသွားရမည်ဖြစ်ကြောင်း သြဂုတ်လ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရက ပြည်သူများ သိရှိစေရန် အသိပေးကြေညာချက် ထုတ်ပြန်သည်။

သို့သော် COVID-19 ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ နိုက်ကလပ်၊ ကာရာ အိုကေ/စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗွီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ တရားပွဲ/စခန်းများ၊ ဘုရားပွဲများ၊ မင်္ဂလာ ဧည့်ခံပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ အခြားပွဲလမ်းသဘင်များ၊ လူမှုရေးလုပ်ငန်းများ၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီ ညွတ်ရေးပွဲများ ခေတ္တယာယီပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်း မပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်နှင့် ကျေးရွာများရှိ တန်ခိုးကြီးဘုရားများ၊ စေတီ ပုထိုးများ ဖူးမြော်ခြင်းအား ခွင့်မပြုသေးပါကြောင်းနှင့် ဖူးမြော်ဝတ်ပြုခွင့်တောင်းခံလာပါက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီထံ တင်ပြခွင့်ပြု ချက်ရယူပြီး ခွင့်ပြုချက်ရရှိမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း အဆိုပါအသိပေးကြေညာချက်တွင် ပါရှိသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •