ဘုမသိဘမသိဝင်ပါခဲ့တဲ့လူတွေကိုဖယ်ပြီး ကျန်တဲ့တာဝန်ရှိသူအားလုံးကို တရားစွဲပါ (ဆောင်းဦးလှိုင်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဘုမသိဘမသိဝင်ပါခဲ့တဲ့လူတွေကိုဖယ်ပြီး ကျန်တဲ့တာဝန်ရှိသူအားလုံးကို တရားစွဲပါ။
(ဆောင်းဦးလှိုင်)

“ တိုင်းပြည်ဖျက်မယ့်အကြံ”

မှတ်မိကြသေးလားဗျ ??
၂၀၁၅ ဖွတ်မဲဆွယ်ကားပေါ်တက်သီချင်းဆိုဖူးတယ်….
နောက်သွေးရူးသွေးတန်းနဲ့ သူတို့သီချင်း mtv မှာ
Lip kiss အခန်းတွေပေါ်တင်ထည့်ရိုက်လို့
ပြသနာတက်ခဲ့တယ်…. DVB debate မှာဝင်ပြောတယ်…ရိုင်းစိုင်းနိမ့်ကျတဲ့အနေအထားတွေ။

လူမိုက်အထာတွေနဲ့လှုပ်ရှားတယ် စကားပြောတယ်။ရုပ်ရှင်ရိုက်တယ်။
စစ်အာဏာရှင်နဲ့ ခရိုနီတွေရဲ့ထောက်ပံ့မှုရလာတယ်။ တချိန်က MRTV4 မှာအလုပ်လုပ်တဲ့
စီစဉ်သူ ပျာတာချာတိတ်ဘဝကနေ အခုတော့ဆရာကြီးဖြစ်လာတဲ့ချာတိတ်က ထုတ်လုပ်ပေး
တဲ့အနေအထားတွေဖြစ်လာတာ။ အဲ့ဒီ့ချာတိတ်ကဟိုတလောက ထူထောင်တဲ့မီဒီယာလုပ်ငန်း
ကြီးမှာဦးဆောင်သူတစ်ယောက်။
( ချာတိတ်တွေ မင်းတို့ကြပ်ကြပ်သတိထားမင်းတို့နာမယ်တွေ နောက်ကြောင်းတွေငါမရေးချင်ဖူး။
အကုသိုလ်တွေမို့။ ဘဝသေသွားမယ် ။ နာမယ်သေသွားမယ်)

ဒီကြားထဲလူမှုရေးယောင်ယောင်အနုပညာလှုပ်ရှားမှုတချို့လုပ်တယ်။စေတနာရှင်ကြီး
တွေပုံစံဖမ်းကြတာ။လူငယ်တွေမြေတောင်မြှောက်တယ်ဆိုပြီး သူ့ရုပ် သူ့အသံမှအားမနာ
သီချင်းတိုင်းဝင်ပါတယ်။မျက်နှာပြတယ်။
နောက်ဆုံး ဒီကျက်သရေတုန်းသီချင်းထွက်လာတဲ့အထိ။ သူ့သမိုင်းသူရေးတယ်။
ကဲမိတ်ဆွေတို့ ပြတ်သားကြပါ။

 

 

အခုသူတို့ Music Video မှာ လူပေါင်းများစွာ
စုရိုက်ထားတာသက်သေရှိနေပြီဘဲ။ တရားစွဲပါ။
Covid လူမစုရအမိန့်ကိုပြောင်ပြောင်တင်းတင်း
ချိုးဖောက်ပြီး အများစိတ်ထိခိုက်နစ်နာစေအောင် ရိုက်ကူးလွှင့်ထုတ်ကြတာဖြစ်တယ်။
ဘုမသိဘမသိဝင်ပါခဲ့တဲ့လူတွေကိုဖယ်ပြီးကျန်တဲ့
တာဝန်ရှိသူအားလုံးကို
တရားစွဲပါ။

ဆောင်းဦးလှိုင် ၅.၈.၂၀၂၀

 

မူရင်းလင့် – https://www.facebook.com/photo?fbid=10207710598799769&set=a.10200505664680919


Spread the love
  •  
  •  
  •  
  •  
  •  
  •