ဘူဖေးဆိုင်တွေမှာ Covid-19 ဘယ်လိုကူးသလဲ သိချင်ရင်ကြည့်ပါ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဂျပန်နိုင်ငံ NHK သတင်းဌာနက စားသောက်ခန်းမတစ်ခုမှာ #ကိုရိုနာဗိုင်းရပ်စ်ပိုးရှိတဲ့လူတစ်ယောက်ကနေပြီး #ဘယ်လောက်မြန်မြန်ကူးစက်ပြန့်နှံ့နိုင်သလဲကို စမ်းသပ်ခဲ့ပါတယ်။

#စမ်းသပ်ပုံစမ်းသပ်နည်း။

လူ 10 ယောက်က ဘူးဖေးစားသောက်ဆိုင်လိုပြင်ဆင်ထားတဲ့နေရာမှာ ထိုင်စားကြတယ်။
အဲ့ထဲကလူတစ်ယောက်ကို ရောဂါရှိတဲ့လူအဖြစ်သဘောထားကာ လက်ထဲကို မီးစုန်းဓာတ်ပါတဲ့ အရည်တစ်မျိုးညှစ်ထည့်ပေးလိုက်တယ်။
သဘောကသူ့လက်ထဲမှာ #ပိုးရှိတဲ့အရည်တစ်ခုခုရှိနေပြီ ဆိုတဲ့သဘော။

အဲ့ဒီစားသောက်ခန်းမထဲမှာ လူတွေဟာ ဘူးဖေးစားသလို လိုချင်တာကို သွားခပ်ထည့်ယူပြီးစားကြတယ်။
နာရီဝက်ကြာတဲ့အခါမှာ မီးစုန်းဓာတ်တောက်အောင် မီးကို UV light လို အရောင်မျိုးပေးလိုက်တယ်။ ပုံကိုကြည့်ပါ။

တခန်းလုံးမှောင်သွားတဲ့အချိန်မှာ မီးစုန်းဓာတ်ပေနေတဲ့နေရာတွေကနေ အရောင်တောက်လာတဲ့အခါမှာ အားလုံးက အံ့ဩကြတယ်။

🦠 ပထမဆုံးလူတစ်ယောက်လက်ထဲမှာ ပေနေတဲ့မီးစုန်းဓာတ်က အခုတော့ စားပွဲတွေပေါ်က ဇွန်းခက်ရင်းတွေ၊ တစ်ရှုးတွေ၊ ခွက်တွေ၊ တခြားလူတွေရဲ့ လက်တွေ၊ မျက်မှန်တွေ၊ မျက်နှာတွေမှာပါ အကုန်ပေနေတာကို တွေ့ရတယ်။

 




https://www.facebook.com/richard.myothant

Richard Myo Thant
16-May-2020

 


Spread the love
  •  
  •  
  •  
  •  
  •  
  •