“မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဟောင်းကို မူးယစ်ဆေးဝါးသယ်ဆောင်မှုဖြင့် တရားစွဲဆိုထားမှု အမေရိကန်ရုပ်သိမ်း”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အမေရိကန်ပြည်ထောင်စု အရင်မက္ကဆီကို
ကာကွယ်ရေးဝန်ကြီးကို မူးယစ်ဆေးဝါးသယ်ဆောင်မှုဖြင့် တရားစွဲဆိုထားတာကိုရုပ်သိမ်းခဲ့”

November 18, 2020

မက္ကဆီကိုနိုင်ငံက ကာကွယ်ရေးဝန်ကြီး
ဟောင်းမူးယစ်ဆေးဝါးမှောင်ခိုလုပ်မှုနဲ့
ပတ်သက်ပြီးတရားစွဲဆိုထားတာကိုရုတ်သိမ်း
မဲ့အစီအစဉ်တွေကို အမေရိကန်ပြည်ထောင်စု တရားရေးဌာနက အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။မက္ကဆီကိုနိုင်ငံ
အနေနဲ့ကိုယ်ပိုင်သက်သေအထောက်အထားတွေနဲ့ သူ့ကို တရားစွဲဆိုအပြစ်ပေးနိုင်ဖို့ ရုတ်သိမ်းပေးခဲ့တာဖြစိပါတယ်။နယူးရော့ခ်
အရှေ့ပိုင်းခရိုင်အတွက် အမေရိကန်ပြည်ထောင်စုအမှုဆောင်ရှေ့နေ
ဆက်သ် ဒူချမ်းက ဆယ်လ်ဗေဒို ဆီယန်ဖူဂို့(စ်)
ကို အကျဉ်းထောင်မှ ပြန်လွှတ်ပေးပြီး လုံခြုံ
ရေးအစောင့်အရှောက်များလိုက်ပါလျှက်
မက္ကဆီကို နိုင်ငံသို့ ပြန်ပို့ပေးပေးရန် ဒီအမှုကို
ဦးစီးစစ်ဆေးနေတဲ့ တရားသူကြီး ကာရိုလ် အေမွန်ကို တောင်းဆိုခဲ့ပါတယ်။
အောက်တိုဘာလတုန်းက အမေရိကန်ပြည်ထောင်စုက အာဏာပိုင်တွေဟာ အသက်၇၂နှစ်အရွယ်
ဆီယန်ဖူဂို့(စ်)ကို လော့စ်အိန်ဂျလီ လေဆိပ်မှာ
ရှောင်တခင်ဖမ်းဆီးခဲ့ပြီး၊မက္ကဆီကို အရာရှိတွေကိုဒေါသဖြစ်စေခဲ့ပါတယ်။
အငြိမ်းစားဗိုလ်ချုပ်တယောက်ဖြစ်တဲ့ ဆီယန်ဖူဂို့(စ်)ဟာ ၂၀၁၅ ခုနှစ်ဒီဇင်ဘာလ နဲ့ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလအတွင်း အမေရိကန်ပြည်ထောင်စုမှာ ကိုကင်း၊ဘိန်းဖြူ၊
မီသာဖက်တာမင်း နဲ့ ဆေးခြောက် ကီလိုဂရမ်ထောင်ပေါင်းများစွာကို ထုတ်လုပ်
ဖြန့်ချီခဲ့ရာမှာ လျှို့ဝှက်စွာပူးပေါင်း ပါဝင်ခဲ့တယ်လို့ စွတ်စွဲထားခဲ့ပါတယ်။
အဖမ်းဆီးခံခဲ့ရပြီးကတည်းက မက္ကဆီကို
အစိုးရရှေ့နေတွေက သူတို့ရဲ့ကိုယ်ပိုင် သက်သေ အထောက်အထားတွေကို ဖွင့်ချပြခဲ့ပြီး၊အမေရိကန်နိုင်ငံ ပြည်ထောင်စု
ရှေ့နေချုပ် ဘီလ် ဘား(ရ်) နဲ့ သူနဲ့အဆင့်တူ
မက္ကဆီကိုနိုင်ငံက အယ်လီဂျန်ဒရို ဂါ့တ်ဇ်
မန်နီရို တို့က သူတို့ရဲ့ပူးတွဲကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ ရာဇဝတ်မှုပုံစံအားလုံးကို
ကျွန်တော်တို့ရှေ့တန်းမှာပူးပေါင်းတိုက်ဖျက်နေပြီး၊နှစ်နိုင်ငံအကျိုးစီးပွါးအရ မက္ကဆီကို
တရားဥပဒေအေါက်မှာ စုံစမ်းစစ်ဆေးတရားစွဲဆိုနိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုမှာရာဇဝတ်မှုခင်းနဲ့
တရားစွဲဆိုထားတဲ့ ဆီယန်ဖူဂို့(စ်)ကို မက္ကဆီကို
နိုင်ငံဆီ လွှဲပြောင်းပေးဖို့ အမေရိကန်ပြည်ထောင်စု တရားရေးဌာနက ဆုံးဖြတ်ခဲ့တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
သမ္မတအင်းနရစ် ပီနာ နီတို အုပ်ချုပ်စဉ်၂၀၁၂ခုနှစ်ကနေ၂၀၁၈ခုနှစ်
အတွင်း သူဟာ အရေးပါတဲ့လူတယောက် ဖြစ်ခဲ့ပြီး၊အဲ့ဒီအချိန်ကကျူးလွန်ခဲ့တယ်ဆိုတဲ့
တရားစွဲဆိုမှုတွေနဲ့ပတ်သက်ပြီး သူ့မှာအပြစ်မရှိဘူးလို့
လွန်ခဲ့တဲ့ကြာသပတေးနေ့က နယူးယော့(ခ်)
တရားသူကြီးရှေ့မှာလျှောက်လဲချက်ပေးခဲ့
ပါတယ်။သူဟာနောက်တကြိမ် ကြားနာဖို့အတွက် တရားသူကြီး အေမွန်ရဲ့ရှေ့ကိုဗုဒ္ဓဟူးနေ့မှာ လာရောက်ရမှာဖြစ်ပါတယ်။တနင်္လာနေ့က
အေမွန့် ဆီကို တင်ပြခဲ့တဲ့တရားရုံးမှတ်တမ်းမှတ်ရာတွေမှာ
ဗုဒ္ဓဟူးနေ့ကြားနာမှုမတိုင်အထိ တရားစွဲဆိုမှုကို
လွှဲပြောင်းပေးအပ်မဲ့ သတင်းအချက်အလက်တွေကို လျှို့ဝှက်ထားဖို့ အမေရိကန်အစိုးရကပြောဆိုထားပါတယ်။
ပြည်ပနိုင်ငံတခု နဲ့ဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့အတွက်ဖြစ်တယ်လို့
ဆိုပါတယ်။
တရားသူကြီးက အစိုးရရှေ့နေတွေကို
နောက်ထပ်ရှင်းပြချက်တွေ ပေးခိုင်းထားပါတယ်။ရှင်းပြချက်တွေကိုသူမလက်ခံမရခဲ့ရင် မှတ်တမ်းမှတ်ရာတွေကို အင်္ဂါနေ့ညမှာထုတ်ပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
မှတ်တမ်းမှတ်ရာတွေထဲမှာ “ဆီယန်ဖူဂို့(စ်)
ဟာ အမေရိကန်ပြည်ထောင်စုက ဆန္ဒအလျှောက်ထွက်ခွါသွားရမှာဖြစ်ပြီး
အမေရိကန်ပြည်ထောင်စု အဆင့်မြင့်လုံခြုံရေး
အရာရှိတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု နဲ့
မက္ကဆီကို နိုင်ငံကို အလျှင်အမြန်လွှဲပြောင်း
ပေးရမယ်လို့ ဒူချမ်းက အခိုင်အမာဖော်ပြထားပါတယ်။

တရားပြိုင်ဟာမက္ကဆီနိုင်ငံထဲကို ဝင်ရောက်ပြီး ၊လွတ်ငြိမ်းခွင့်ရသွားတဲ့အထိ
တိုင်အောင် အကျိုးသက်ရောက်မှုရှိမှာ မဟုတ်တဲ့ တရားစွဲဆိုထားမှုတွေကို ရုတ်သိမ်းလိုက်ဖို့ တရားသူကြီးကို ဒူချမ်းက
ပြောပါတယ်။
“ပူးပေါင်းဆော်ရွက်မှုဆက်လက်လုပ်ဆောင်”
ဆီယန်ဖူဂို့(စ်)ကို လော့စ်အိန်ဂျလိစ်
နိုင်ငံတကာလေဆိပ်မှာ အောက်တိုဘာလ၁၅
ရက်နေ့က သူ့မိသားစုနဲ့အတူလာခဲ့ခရီးစဉ်မှာ
ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးမှု၊ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။
သူဟာအမေရိကန်ပြည်ထောင်စုမှာ
တရားစွဲပြီး ပြစ်ဒါဏ်စီရင်ခြင်းခံခဲ့ရရင်
ထောင်ဒါဏ်၁၀ နှစ်ကနေ တသက်တကျွန်း အထိ ပြစ်ဒါဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။
မက္ကဆီကန် အစိုးရက ဆီယန်ဖူဂို့(စ်)ရဲ့
အမှုကိစ္စ နဲ့ပတ်သက်ပြီး အမှောင်ချထားတာခံရတယ်လို့ ခါးခါးသီးသီး
ပြစ်တင်ပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုက ၂၀၁၉ခုနှစ်
သြဂုတ်လကတည်းကအမှုဖွင့်ထားခဲ့ပေမဲ့
မက္ကဆီကို အဆင့်မြင့်အရာရှိတွေကြားမှာ
လဘ်စားမှုတွေရှိနေတယ်လို့သံသယရှိနေတာကြောင့် ဆီယန်ဖူဂို့(စ်)ကို ဖမ်းဆီးရမိပြီးမှ
အများပြည်သူသိအောင်ချပြခဲ့တာဖြစ်ပါတယ်။
မက္ကဆီကန် နိုင်ငံခြားရေးဝန်ကြီး
မာဆယ်လို အက်ဘ်ရာ့(ဒ်) က မက္ကဆီကိုနိုင်ငံ နဲ့
အမေရိကန်ပြည်ထောင်စု နှစ်နိုငံရှေ့နေချုပ်ရုံးများကြားမှာထားရှိတဲ့ သဘောတူညီချက်အရ ” ဒီအမှုကိစ္စကိုကိုင်တွယ်နေတဲ့
တရားသူကြီးရဲ့သဘောတူညီမှုရခဲ့ရင် ဆီယန်ဖူဂို့(စ်)ကို မက္ကဆီကို နိုင်ငံကို လွှဲပြောင်း
ပေးအပ်ပြီးတရားစီရင်မယ်။”လို့ တွစ်တာမှာ
ရေးသားခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲတခုမှာ “ဒီဆေါင်ရွက်မှုဟာ ဥပဒေပြဌန်းချက်ကို
လေးစားလိုက်နာမှုတခု” အဖြစ်ချီးကျူး
ဂုဏ်ပြုခဲ့ပါတယ်။
” ကျွန်တော်တို့ ဒီကိစ္စကို ပြစ်ဒါဏ်ကင်းလွတ်ခွင့် ပေးတဲ့နည်းလမ်းတရပ်အဖြစ်မရှုမြင်ပဲ ၊
မက္ကဆီ နိုင်ငံ နဲ့ မက္ကဆီကိုလက်နက်ကိုင်တပ်ဖွဲ့အပေါ် အလေးထားတဲ့ဆောင်ရွက်ချက်တခုလို့ရှုမြင်တာကြောင့် စာနာစိတ်နဲ့ ရှုမြင်တဲ့ အပြုသဘော
ဆောင်တဲ့ဆောင်ရွက်ချက်တခုဖြစ်ပါတယ်။”လို့ သတင်းထောက်တွေကို သူကပြောခဲ့ ပါတယ်။
အမေရိကန်ပြည်ထောင်စု နဲ့
သဘောတူညီထားချက်အရ သူ့ရဲ့နယ်မြေပိုင်နက်ထဲမှာ တရားမဝင်တဲ့ရာဇဝတ်မှုတွေကျူးလွန်ခဲ့တာဆိုရင် ဆီယန်ဖူဂို့(စ်) ကိုမက္ကဆီကိုနိုင်ငံမှာပဲ
တရားစီရင်ရမှာဖြစ်တယ် လို့ သူက ထပ်ပြော
ပါတယ်။
“မက္ကဆီကိုရဲ့တောင်းဆိုချက်ချက် နဲ့
သက်သေအထောက်အထားတွေအပြန် အလှန်
လဲလှယ်ခဲ့တဲ့စာချုပ်တွေအရ အမေရိကန်ပြည်ထောင်စုတရားရေးဌာနက
ဒီအမှုကိစ္စနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို မက္ကဆီကို
နိုင်ငံကိုပေးအပ်ပြီး၊ဆက်လက်ပူးပေါင်းဆောင်
ရွက်ကာ မက္ကဆီကိုအာဏာပိုင်တွေရဲ့ စုံးစမ်း
စစ်ဆေးမှုတွေကိုအကူအညီးပေးရမှာ
ဖြစ်ပါတယ်။”လို့ ဘားရ် နဲ့ ဂါ့တ်(ဇ်)ရဲ့ ဖော်ပြချက်မှာ ဆိုပါတယ်။
ဆီယန်ဖူဂို့(စ်) အပေါ်တရားစွဲဆိုမှုဟာ
အမေရိကန်ပြည်ထောင်စုမှာ တရားစွဲဆိုခံခဲ့ ရတဲ့မူးယစ်ဆေးဝါးဘုရင် ဂျိုကွင်း အယ်လ်ချာပို ဂတ်ဇ်မန် ဆီက မျက်မြင်သက်သေ ထွက်ဆိုချက်တွေအရ
ဖြစ်ပေါ်လာခဲ့ပုံရပါတယ်။သူ့ကို နယူးယော့ခ်
မှာ၂၀၁၉ခုနှစ်ဇူလိုင်လက ထောင်ဒါဏ်
တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။

Source:(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •