မကြာခင်မှာ အောင်မြင်တဲ့ Covid ကာကွယ်ဆေး ကျိန်းသေပေါ်လာမယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မကြာခင်မှာ အောင်မြင်တဲ့ Covid ကာကွယ်ဆေး ကျိန်းသေပေါ်လာမယ်

Covid #ကာကွယ်ဆေးဟာတကယ်အောင်မြင်နိုင်သလား⁉️
လူမှာစမ်းသပ်နေတဲ့ Covid ကာကွယ်ဆေး ၃၀ ကျော်ရှိတဲ့အထဲမှာ (၈) မျိုးကနောက်ဆုံးအဆင့် Phase 3 ရောက်နေပြီဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နိုဝင်ဘာ ၁ ရက်နေ့မှာ အနောက်အုပ်စုကာကွယ်ဆေးတွေထဲက တစ်မျိုးမျိုးကို အမေရိကန်သမ္မတထရမ့်က ပြည်သူလူထုကြားထဲဖြန့်ဝေပေးမှာဖြစ်ပါတယ်။
အခုစမ်းနေတဲ့ကာကွယ်ဆေးတွေထဲက တကယ်ထိရောက်တဲ့ကာကွယ်ဆေးတစ်မျိုးအောင်မြင်နိုင်ပါ့မလားဆိုတာ သံသယရှိနေကြဆဲဖြစ်ပါတယ်။
အောင်မြင်တဲ့ကာကွယ်ဆေးတစ်ခုကျိန်းသေပေါ်ဖို့များတယ်လို့ တွက်ဆနိုင်တဲ့အကြောင်းရင်း အချို့ရှိပါတယ်။
#အဓိကအချက်ကကိုရိုနာဗိုင်းရပ်စ်ဟာသန္ဓေကွဲအလွန်နည်းတဲ့အချက်ပါပဲ။
Viral diversity လို့ခေါ်တဲ့ သန္ဓေကွဲများခြင်းဟာ ကာကွယ်ဆေးသုသေသနအတွက် ကြီးမားတဲ့အခက်အခဲကို ဖြစ်ပေါ်စေတတ်ပါတယ်။
HIV ခုခံစွမ်းအားကျရောဂါ၊ influenza တုပ်ကွေး၊ dengue သွေးလွန်တုပ်ကွေးစသည်တို့မှာ viral diversity ရှိပါတယ်။
တုပ်ကွေးကာကွယ်ဆေးဆိုရင် strain ၄ မျိုးပါတဲ့ဟာထိုးချင်တာ၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးဆိုရင် strain ၉ မျိုးပါတာထိုးနိုင်ရင်ကောင်းတာမျိုးပေါ့။
Covid-19 ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ဟာ အဲ့လောက်သန္ဓေကွဲမများဘူးလို့ဆိုပါတယ်။
Walter Reed Army Institute of Research မှ Morgane Rolland ဦးဆောင်တဲ့အဖွဲ့ဟာ SARS-CoV-2 ဗိုင်းရပ်စ်သန္ဓေကွဲခြင်း (mutation) ကို လေ့လာခဲ့ကြပါတယ်။
Covid-19 ဖြစ်ခဲ့တဲ့ လူပေါင်း ၂၇၀၀၀ ဆီက မျိုးဗီဇအစီအစဉ်အချက်အလက် genetic sequence တွေကို လေ့လာကြည့်ခဲ့ရာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက SARS-CoV-2 ဗိုင်းရပ်စ်သန္ဓေကွဲခြင်း အနည်းဆုံးဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

 


🌏 နိုင်ငံပေါင်း ၈၄ နိုင်ငံက SARS-CoV-2 ဗိုင်းရပ်စ်ဗီဇပေါင်း ၁၈၅၁၄ ခုမှာ Covid စစချင်းကနေ အခုအထိ SARS-CoV-2 ဗိုင်းရပ်စ်ဟာ random process နဲ့ ဗီဇကွဲတာတွေ့ရပါတယ်။
SARS-CoV-2 ဗိုင်းရပ်စ်ဟာ သူမှီခိုရတဲ့လက်ခံလူပေါ်မှာမူတည်ပြီး ဗီဇကွဲတာမဟုတ်တဲ့အတွက် အခြေအနေကောင်းပါတယ်တဲ့။
D614G ဗီဇကွဲကို အခုနောက်ပိုင်းမှာ ပိုပြီးအတွေ့ရများလာတာသတိထားမိပါတယ်တဲ့။
ဒါပေမယ့်လည်း random process နဲ့ ဗီဇကွဲတာပဲတွေ့ရပြီး ဦးတည်ချက်တစ်ခုနဲ့ ဗီဇကွဲတာမတွေ့ရသေးပါဘူးတဲ့။
👉 low level of genetic variation အခုလိုဗီဇကွဲမှုနည်းပါးသေးတဲ့အတွက် အခုကြိုးပမ်းနေတဲ့ကာကွယ်ဆေးတွေအထဲက တစ်မျိုးဟာ #အခုကမ္ဘာမှာပြန့်နှံ့နေတဲ့ Covid-19 ပိုး #ဗီဇကွဲအားလုံးကိုကာကွယ်မှုပေးနိုင်လိမ့်မယ်လို့ သူတို့အဖွဲ့ကယူဆပါတယ်တဲ့ခင်ဗျား။
ထပ်ဖြည့်ပြီးပြောရရင် အခု Covid ကာကွယ်ဆေးကိုကြိုးပမ်းမှုတွေအားလုံးမှာ မတူညီကွဲပြားတဲ့နည်းပညာတွေနဲ့ ဒီဇိုင်းလုပ်ထားတဲ့အတွက် တစ်မျိုးမအောင်မြင်ရင်တောင် နောက်တစ်မျိုးက အောင်မြင်ဖို့ အခွင့်အလမ်းများပါတယ်။
နောက်ထပ်လည်း Covid ကာကွယ်ဆေးတွေထပ်တိုးပြီးကြိုးပမ်းနေတာတွေ့ရပါတယ်။
နောက်လူကရှေ့လူရဲ့အမှားကိုပြုပြင်ပြီး ပိုကောင်းတဲ့ဒီဇိုင်းနဲ့ကြိုးပမ်းလေ့ရှိတာမို့ တကယ်ပဲအောင်မြင်တဲ့ Covid ကာကွယ်ဆေးဟာ ကျိန်းသေပေါ်လာလိမ့်မယ်လို့ယူဆပါတယ်ခင်ဗျား။
https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant

Richard Myo Thant
4-September-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •