မကြာမီဖွင့်လှစ်တော့မယ့် ကိုဗစ်ရောဂါကုသရေးဌာန ဧရာဝတီစင်တာ(မန္တလေး)သို့ မြို့တော်ဝန်ဒေါက်တာရဲလွင်က သိန်း၃၀ လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Covid-19 လူနာများ ကုသပေးဖို့ မကြာမီဖွင့်လှစ်တော့မယ့် ကိုဗစ်ရောဂါကုသရေးဌာန ဧရာဝတီစင်တာ
••••••••••••••••••••••••••••••••••••••••••••••••••
ဦးဇော်ဇော်ရဲ့ ဧရာဝတီဖောင်ဒေးရှင်းက ငွေကျပ် ၁ ဘီလျံ မတည်ပြီးတည်ဆောက်နေတာပါ။

ကူးစက်ပြန့်ပွားမှုမြန်တဲ့အတွက် ကိုဗစ်လူနာတွေကို ကုသတဲ့ ဆေးရုံတွေရဲ့ တည်ဆောက်ပုံက ရိုးရိုးဆေးရုံတွေနဲ့မတူပါဘူး။

ပိုးရှိနိုင်တဲ့နေရာ dirty zone နဲ့ ပိုးမရှိတဲ့နေရာ clean zone တွေ ခွဲခြားထားနိုင်ဖို့လိုအပ်လို့ ရွက်ဖျင်တဲတွေနဲ့ ဆေးရုံအသစ်တည်ဆောက်ရတာပါ။

ရောဂါလက္ခဏာပျော့တဲ့ ပိုးတွေ့ လူနာအယေက် ၂၀၀နဲ့ အထူးဂရုစိုက်ပြုစုဖို့လိုတဲ့ လူနာတွေအတွက် ICU ကုတ င်၂၄ခု နဲ့ HDU ကုတင် ၅၁ ကုတင်ပါဖို့ရည်ရွယ်ထားပါတယ်။

ဒီကနေ့ မန္တလေးမြို့ကအလှူရှင်တွေ ပါဝင်ကုသိုလ်ပြုလှူဒါန်းတဲ့ပွဲမှာ ကျွန်တော်လည်း တတ်အားသရွေ့ သိန်း ၃၀ လှူဒါန်းခဲ့ပါတယ်။

ဦးဇော်ဇော်နဲ့ ဧရာဝတီဖောင်ဒေးရှင်းကို မြို့တော်ကိုယ်စား အထူးကျေးဇူးတင်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •