မကွေးတိုင်းဒေသကြီးအတွင်း Covid – 19 ရောဂါ ညွှန်ကြားချက်များကို မလိုက်နာသည့် အနှိပ်ခန်းနှင့် KTV များကို ဖမ်းဆီးအရေးယူ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မကွေးတိုင်းဒေသကြီးအတွင်း Covid – 19 ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို မလိုက်နာသည့် အနှိပ်ခန်းနှင့် KTV များကို ဖမ်းဆီးအရေးယူ

မကွေး၊ စက်တင်ဘာလ  ၅ ရက်
ယနေ့ ညနေ (၄) နာရီခန့်က ပခုက္ကူမြို့နယ်၊ ပေါင်လောင်ကန်ကျေးရွာ၊ ဥတ္တရဟိုတယ်တွင် အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်နေသဖြင့် ပခုက္ကူမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဝင်ရောက်စစ်ဆေးခဲ့ပြီး အနှိပ်ခန်း လုပ်ငန်းလုပ်ကိုင်လျက် တွေ့ရှိရသည့် ရဲရန်အောင်ပါ အမျိုးသား (၄) ဦး၊ အမျိုးသမီး (၃) ဦးတို့အားဖမ်းဆီး အရေးယူခဲ့ပါတယ်။

 

ယနေ့ ည (၁၀) နာရီခန့်တွင် မကွေးမြို့နယ်၊ အောင်မေတ္တာ (ခ) ရပ်ကွက်၊ (၁၄) လမ်းရှိ မကွေးမင်းသမီး KTV ဆိုင်တွင် ညွှန်ကြားချက်အား မလိုက်နာဘဲ KTV လုပ်ငန်း လုပ်ကိုင်နေသဖြင့် မကွေးမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

 

KTV လုပ်ငန်း လုပ်ငန်းလုပ်ကိုင်နေသည့် ဒေါ်အေးချမ်းမိုး (ခ) ဒေါ်ဝင်းသိင်္ဂီပါ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၅)ဦးတို့အား လည်းကောင်း ဥပဒေနှင့်အညီ ဖမ်းဆီးခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခွဲမှု ဥပဒေဖြင့် အရေးယူထားကြောင်း သတင်းရရှိပါတယ်။

Source – မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့


Spread the love
  •  
  •  
  •  
  •  
  •  
  •