မကွေးမြို့ပေါ်မှာခိုးဖွင့်နေတဲ့ KTV ကိုရဲဝင်ဖမ်း၊ ဆိုင်တာဝန်ခံနဲ့ အမျိုးသမီး ၂ဦးကိုအမှုဖွင့်ထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မကွေးကမ္ဘာ အဆင့်မြင့်အအေးခန်းနှင့် စားသောက်ဆိုင်အား ဝင်ရောက်ဖမ်းဆီး

မကွေး၊ နိုဝင်ဘာလ ၂၇ ရက်
Covid – 19 ကူးစက်ရောဂါကူးစက်ပြန့်ပွါးလာမှုမှာ ယနေ့အချိန်အထိ ရပ်တန့်မှုမရှိဘဲ ကူးစက်ရောဂါအတည်ပြုလူနာများ ထပ်မံတိုးပွါးနေသော်လည်း တစ်ချို့သောသူများမှာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Covid – 19 ကူးစက်ရောဂါကူးစက်ဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များအား လိုက်နာခြင်းမရှိဘဲ ရောဂါအန္တရာယ်အား လက်ယပ် ခေါ်နေသကဲ့သို့ ကျူးလွန်နေကြသည်ကို တွေ့ရှိနေရသည်မှာ ရင်မောဖွယ် ကောင်းလှ ပါသည်။

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် မိမိတို့နယ်မြေအေးချမ်းသာယာရေး၊ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးလုပ်ငန်းတာဝန်များကြားမှ Covid – 19 ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အားအနေဖြင့် ကြိုးစားပါဝင်ထမ်းရွက်လျက်ရှိရာ မကွေးမြို့ပေါ်တွင် Covid – 19 ရောဂါကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များအား လိုက်နာခြင်းမရှိဘဲ KTV နှင့် စားသောက်ဆိုင်အား လျှို့ဝှက်ဖွင့်ကာ လုပ်ကိုင်ဆောင်ရွက် နေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ Page Chat Box မှ ဆက်သွယ် တိုင်တန်း လာသဖြင့် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏လမ်းညွှန်ကြပ်မတ်ချက်အရ မကွေးခရိုင်မှ ရဲတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် (၁) နာရီတွင် မကွေးမြို့၊ အောင်မေတ္တာ (စီ) ရပ်ကွက် ရှိ မကွေးကမ္ဘာ အဆင့်မြင့်အအေးခန်းနှင့် စားသောက်ဆိုင်အား သက်သေလူကြီးများနှင့်အတူ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

ဆိုင်၏အခန်းအမှတ် K – 5 အတွင်း သီချင်းသီဆိုပြီး သောက်စားနေကြသည့် ဆိုင်ဝန်ထမ်း မနှင်းထက်ထက်ထွန်း (ခ) ယွန်းမီ၊ သွဲ့နိုင်မောင် (ခ) ချစ်စနိုးနှင့် အမည်မသိ အမျိုးသားများအား တွေ့ရှိရပြီး

အမည်မသိ အမျိုးသားများမှာ ထွက်ပြေးသွားသဖြင့် မနှင်းထက်ထက်ထွန်း (ခ) ယွန်းမီပါ အမျိုးသမီး နှစ်ဦးအား KTV လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် Covid 19 ကူးစက်ရောဂါ ကာလအတွင်း ကျန်းမာရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်များအား မလိုက်နာဘဲ ဆိုင်ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြသည့် ဆိုင်တာဝန်ခံ နိုင်လင်းနှင့် အထက်ပါ အမျိုးသမီး (၂) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

 

Source – မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •