မကွေးမြို.ရှိဈေးများ ပုံမှန်ပြန်ဖွင့်နိုင်ရေးအတွက် လိုက်လံစစ်ဆေးမှုကို ပြစ်တင်ဝေဖန်ခဲ့သူအား ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တုန်.ပြန်ပြောကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မကွေးမြို.ရှိဈေးများ ပုံမှန်ပြန်ဖွင့်နိုင်ရေးအတွက် ၊ စည်ပင်သာယာအဖွဲ့ ၊ ဈေးကေါ်မတီ အဖွဲ့ ၊ အစိုးရအဖွဲ့တို့ လိုက်လံစစ်ဆေးမှုကို ပြစ်တင်ဝေဖန်ခဲ့သူအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ.ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က သူ.ရဲ.လူမှုကွန်ယက် စာမျက်နှာမှာ အခုလို တုန်.ပြန်ပြောကြား ခဲ့ပါတယ်။

ဆရာတင်ရွှေခင်ဗျား ,
စွမ်းဇာနည်တို့ ၊ ဖိုးချစ်တို့ကို ၊ မြသလွန်ဘုရားပွဲမှာ ဇာတ်ပွဲ ရုံသွင်း ကန်ထရိုက်ဆွဲဖို့ တိုင်ပင်နေတာ မဟုတ်ပါ ။
မြို့မဈေး ၊ မင်္ဂလာဈေး ၊ ကန်သာဈေး ၊ ရန်ကင်းဈေး ၊ ရန်ပယ်ဈေး တွေ ပုံမှန် ပြန်ဖွင့်ရေး ၊ ရောဂါကူးစက်မှု မရှိရအောင် ရောင်း ဝယ်ရေး .. စတဲ့ အရေးကိစ္စတွေကို ၊ စည်ပင်သာယာအဖွဲ့ ၊ ဈေးကေါ်မတီ အဖွဲ့ ၊ အစိုးရအဖွဲ့တို့ ဈေးအခင်းအကျင်း မြေပုံကါးချပ်ကြည့်ပြီး ၊ တိုင်ပင် ညှိနှိုင်းနေကြတာပါ ။

သုံးပေ / ခြောက်ပေခြားနေကြလျှင် ၊ ဈေးအခင်းအကျင်း မြေပုံကားချပ်ကို ဘယ်လို သုံးသပ်လို့ ရနိုင်ပါတော့မလဲ ။
ဈေးတွေ မဖွင့်ကြနဲ့တော့လို. ၊ ညွှန်ကြားရမှာလား .. ဖြေတော်မူပါ !

 

 

 

Video – သန်းနိုင်ဦး(မကွေး ပြန်/ဆက်)





Spread the love
  •  
  •  
  •  
  •  
  •  
  •