မကွေး-ကျောက်ဖြူ အမြန်ရထားလမ်းသစ် စီမံကိန်း အကောင်အထည်ဖော်နိုင်​ရေး ဆွေးနွေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မကွေး-ကျောက်ဖြူ အမြန်ရထားလမ်းသစ် စီမံကိန်း အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေး

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့်အစိုးရအဖွဲ့ဝင်များအား မကွေး-ကျောက်ဖြူ အမြန်ရထား လမ်းသစ်(Express Standard Gauge Railway 160km – 22km per hr)ဖြင့်
စီမံကိန်းအကောင်ဖော်နိုင်ရန်အတွက် (Pre Feasibility Study) ဆောင်ရွက်ခွင့်ပြုနိုင်ရေး Billionaire Phyo Construction & Engineering ကုမ္ပဏီလီမိတက်မှ မန်းနေဂျင်းဒါရိုက်တာ ဦးဇော်သန့်အောင်နှင့်အဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီက ပြည်နယ်ဝန်ကြီးချုပ်ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံကြသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည့် မကွေး-ကျောက်ဖြူ အမြန်ရထားလမ်းသစ်စီမံကိန်း အကောင်အထည်ဖော်ရေး၊ (Pre Feasibility Study)ကို Billionaire Phyo Construction & Engineering ကုမ္ပဏီလီမိတက်နှင့်အတူ မန္တလေးမှ ပုဂံလမ်းပိုင်းအား (Pre Feasibility Study) လုပ်ကိုင်ခွင့်ရထားသည့် Elite City Investment ကုမ္ပဏီလီမိတက်တို့မှ ကုန်ကျခံပြီးဆောင်ရွက်သွားရေး၊ အမ်းနှင့် ကျောက်ဖြူကြားမှ သံတွဲ-ငပလီကမ်းခြေအထိ အမြန်ရထားသွားနိုင်ရေး(Pre Feasibility Study)ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထို့နောက် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် Billionaire Phyo Construction & Engineering ကုမ္ပဏီလီမိတက်မှ ငွေကျပ် သိန်း၁၄၀ တန်ဖိုးရှိ ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ၄၀၀၀၀ ခုကို လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

Credit – U Nyi Pu


Spread the love
  •  
  •  
  •  
  •  
  •  
  •