မကွေး-လားရှိုး ခရီးသည် တင်ကား ဂုတ်တွင်းမှာထိုးကျ၊ ၂ဦးသေဆုံး ၁၆ဦးဒါဏ်ရာရ။

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မကွေး-လားရှိုး ခရီးသည် တင်ကား ဂုတ်တွင်းမှာထိုးကျ။
၂ဦးသေဆုံး ၁၆ဦးဒါဏ်ရာရ။

17.6.2020

မကွေးမှလားရှိုးဘက်သို့ခရီးသည်များတင်ဆောင်မောင်းနှင် လာသည့်မင်းသားကြီးခရီးသည်တင်expressယာဉ်သည်ယနေ့နံနက်၃နာရီကျော်အချိန်ခန့်ကဂုတ်တွင်းကုလားမကွေ့နေရာအရောက်၌အောက်ထပ်သို့ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

၎င်းဖြစ်စဉ်၌ယာဉ်မောင်းအပါအဝင် -ကျား ၂ဦးသေဆုံး
ပြီး ကျား ၁၁ မ၅ဦးဒဏ်ရာရရှိကြောင်းကနဦးသတင်းများအရသိရှိရပါသည်။နောင်ချိုမှ စေတနာမွန်လူမှုကူညီရေးဖြူစင်မေတ္တာလူမှုကူညီရေး နောင်ပိန်ကမ်းလင့်လက်များလူမှုကူညီရေးအသင်းများနောင်ချိုပရဟိတအဖွဲ့သားများနောင်ချိုမီးသတ်တပ်ဖွဲ့ဝင်များ’ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအခြားသက်ဆိုင်ရာတာဝန်ရှိသူများကကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေပါတယ်။

ကုလားမကွေ့အပေါ်ထပ်မှအောက်ထပ်ပြုတ်ကျခြင်း
ဖြစ်၍ကျန်ခရီးသည်များသက်သာခဲ့ရပါသည်။အောက်ရှိ
ချောင်းအတွင်းပြုတ်မကျခဲ့ဘူးလို့သိရပါတယ်။

ကနဦးသုံးသပ်ချက်အရယာဉ်ဘရိတ်ပေါက်ခြင်းဟုယူဆရပြီးယာဉ်မောင်းကထိန်းမရတော့ကြောင်းခရီးသည်များကိုအော်ဟစ်အသိပေးခဲ့သည်ဟုစုံစမ်းကြားသိရပါတယ်။

Credit -#KoNay


Spread the love
  •  
  •  
  •  
  •  
  •  
  •