မင်းတပ်၊ လီလောင်းကျေးရွာနှင့် မထိုးကျေးရွာကြားရှိ တောင်ကျချောင်းတွင် အမျိုးသမီး(၃)ဦး ချောင်းရေနှင့် မျောပါပျောက်ဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မင်းတပ်၊ လီလောင်းကျေးရွာနှင့် မထိုးကျေးရွာကြားရှိ တောင်ကျချောင်းတွင် အမျိုးသမီး(၃)ဦး ချောင်းရေနှင့် မျောပါပျောက်ဆုံး

 

၁၉.၁၀.၂၀၂၀ ရက်နေ့၊ ၁၉ ၃၀ အချိန်ခန့်၊ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဒုံအိမ်ကျေးရွာအုပ်စု၊ လီလောင်းကျေးရွာနှင့် မထိုးကျေးရွာကြားရှိ တောင်ကျချောင်းတွင် မ(၃)ဦး ချောင်းရေနှင့်အတူ မျောပါပျောက်ဆုံးခဲ့ပါတယ်။

မ(၁)ဦး၏ ရုပ်အလောင်းအား ကျေးရွာနေပြည်သူများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေတွေ့ရှိခဲ့ပြီး ကျန် မ(၂)ဦးပျောက်ဆုံးနေကြောင်း ၂၀.၁၀.၂၀၂၀ ရက်နေ့၊ ၁၄ ၃၀ အချိန် သတင်းရရှိသဖြင့် မင်းတပ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့တာပါ။

(၁၆ ၀၀) အချိန်ခန့်တွင် မ(၁)ဦး၏ အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေတွေ့ရှိသော မ(၂)ဦး၏ ရုပ်အလောင်းအား မင်တပ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •