မင်းဘူး-မင်းလှ ကားလမ်းတွင် အောက်တိန်း (၃၆၀၀) ဂါလန် တင်လာသော ဆီဘောက်ဆာ(၁)စီးတိမ်းမှောက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မင်းဘူး-မင်းလှ ကားလမ်းတွင် အောက်တိန်း (၃၆၀၀) ဂါလန် တင်လာသော ဆီဘောက်ဆာ(၁)စီးတိမ်းမှောက်

၁၈.၉.၂၀၂၀ရက်နေ့၊ ၁၃ ၀၀အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ညောင်ပင်သာရွာအနီး၊ မင်းဘူး-မင်းလှ ကားလမ်းတွင် အောက်တိန်း (၃၆၀၀) ဂါလန် တင်ဆောင်လာသော ဆီသယ်ယာဉ်(၁)စီးတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်ပွားရာသို့မင်းလှမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးလောင်မှုမဖြစ်ပွားစေရန် ကူညီဆောင်ရွက်ခဲ့ ပါတယ် ။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား အပ္ပမာဒနာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် မင်းလှမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •