မင်းဘူး-အမ်း ကားလမ်း မိုင်တိုင်အမှတ် ၆/၃အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားခေါင်းခန်းအတွင်း ယာဉ်မောင်း ညပ်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မင်းဘူး-အမ်း ကားလမ်း မိုင်တိုင်အမှတ် ၆/၃အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားခေါင်းခန်းအတွင်း ယာဉ်မောင်း ညပ်နေ

၃၀.၈.၂၀၂၀ ရက်နေ့၊ ၁၁ ၃၀ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ဆင်ခေါင်းကျေးရွာအနီး၊ မင်းဘူး-အမ်း ကားလမ်း မိုင်တိုင်အမှတ် ၆/၃အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားခေါင်းခန်းအတွင်း ယာဉ်မောင်း ညပ်နေခဲ့ပါတယ်။

မင်းဘူးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်တိုက်မှုကြောင့် ကားခေါင်းခန်းအတွင်း ညပ်နေသူ ယာဉ်မောင်း ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား မင်းဘူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •