မင်းလည်း မြန်မာ၊ ငါလည်းမြန်မာ၊ နိုင်ငံသားအားလုံးသည် မြန်မာပြည်သား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မင်းလည်း မြန်မာ၊ ငါလည်းမြန်မာ၊
နိုင်ငံသားအားလုံးသည် မြန်မာပြည်သား –

လွတ်လပ်ရေးရပြီးကာစ (၁၉၅၁) အထွေထွေရွေးကောက်ပွဲအကြောင်းကိစ္စအချို့ကို ပထမဦးစွာရေးသားတင်ပြပါရစေ၊
(၁၉၄၇) ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါပြဌာန်းချက်များအရ ပါလီမန်လွှတ်တော်အနေဖြင့် လွတ်လပ်ရေးရပြီးနောက် တစ်နှစ်အတွင်းအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ပေးရမည်ဖြစ်ပါတယ်၊
တိုင်းပြုပြည်ပြုလွတ်တော်မှအစိုးရဖြစ်လာသော
ဖဆပလအစိုးရက အထွေထွေရွေးကောက်ပွဲကြီးကျင်းပပေးရန်ကြံရွယ်ထားချိန်မှာပဲ၊
လက်နက်ကိုင်ပုန်ကန်မူများမှာ တစ်နိုင်ငံလုံး ပြန့်နှံ့ဖြစ်ပွားမူများကြောင့် တစ်နှစ်ပြီးတစ်နှစ်အချိန်ရွှေ့ဆိုင်းခဲ့ရပါတယ်၊
အဘယ်ကြောင့်ဆိုရသော် (၁၉၄၈)ခုနှစ်မတ်လ(၂၇) ရက်နေ့တွင် ဂျပန်စစ်တပ်ကိုလက်နက်ကိုင်တော်လှန်ခဲ့သော (၃)နှစ်ပြည့်မြောက်သည့်ဖက်ဆစ်ဆန့်ကျင်ရေးလူထုအစည်းအဝေးကြီးကို ဗန္ဓုလပန်းခြံ(ယခင်အခေါ် ဝိတိုရိယပန်းခြံ) တွင်ဗမာပြည်ကွန်မြူနစ်ပါတီမှကျင်းပခဲ့သော ဤနေ့ရက်မှစတင်ကာ၊
ဗမာပြည်ကွန်မြူနစ်ပါတီမှ တောခိုလက်နက်ကိုင်တော်လှန်ရေးကိုစတင်ခဲ့သလို၊
(၁၉၄၉)ခုနှစ်ဖေဖော်ဝါရီ(၂၁) ရက်နေ့၌ ကရင်တိုင်းရင်းသားများလက်နက်ကိုင်တော်လှန်ပုန်မူပေါ်ပေါက်ခဲ့ရပါတယ်၊
ဗမာပြည်ကွန်မြူနစ်ပါတီသည်ကျွန်းသစ်အများအပြားထွက်ရှိသည့်လုပ်ကွက်(၂) နေရာကိုထိန်းချုပ်ထားခြင်း၊မိတ္ထီလာ၊မန္တလေးနှင့်မြင်းခြံ(၃) ခရိုင်ပေါင်းစုံအားကွန်မြူနစ်တြိဂံဒေသဟူ၍ထိန်းချုပ်ထားမူ၊
ပြည်နှင့်သရက်ခရိုင်မှနေရာအများစုကိုတောခိုတပ်ရင်း(၁)ကထိန်းချုပ်ထားခြင်း၊
ပြည်၊ပေါင်းတည်မီးရထားလမ်းတလျှောက်ကိုလည်း ရဲဘော်ဖြူများကထိန်းချုပ်ထားကာ၊
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို
အလံနီကွန်မြူနစ်များ၊
မြစ်ဝကျွန်းပေါ်၏အနောက်ဖက်အစွန်ဆုံးအပိုင်းကိုဗမာပြည်ကွန်မြူနစ်ပါတီ၊
တောင်ငူခရိုင်၌ KNU၊
မြောင်းမြခရိုင်ရှိမြို့ရွာအများစုနှင့် ပုသိမ်၊မအူပင်နှင့်အင်းစိန်နယ်များကို KNDOများ၊
ရခိုင်ရိုးမတောင်တန်းပေါ်ရှိနေရာကွက်က်ွက် ကလေးပေါ်တွင် ဦးစိန္တာနှင့် ဘုံပေါက်သာကျော် (အဆိုပါလက်နက်ကိုင်ပုန်ကန်မူများမပေါ်ပေါက်မီ ၁၉၄၆ ခုနှစ်ကတည်းက ဂျပန်ဆန့်ကျင်တော်လှန်ရေး ရခိုင်ပြောက်ကြားများအဖြစ် ဒုတိယကမ္ဘာစစ်အတွင်း ဖို့စ် ၁၃၆ မှဖွဲ့စည်းပေးထားခဲ့ပြီးလွတ်လပ်ရေးရပြီးသည့်အခါတွင်လည်းဆက်လက်လူပ်ရှားနေဆဲဖြစ်ကာ ဗြိတိသျှကိုလိုနီအရပ်ဖက်အုပ်ချုပ်ရေးအရာရှိများက ၎င်းတို့အပေါ်အမြဲတစေ လိုက်လံညှင်းပန်းနှိပ်စက်သည်ဟုဆိုကာ လက်နက်ကိုင်ပုန်ကန်ခဲ့သည့်အဖွဲ့) ဖြစ်ပါတယ်၊
(၁၉၄၇) ခုနှစ်၌ သခင်စိုး(ဗမာပြည်ကွန်မြူနစ်ပါတီမှခွဲထွက်ပြီးနောက်၊၎င်းတို့ကိုယ်ကို အလံနီကွန်မြူနစ်ပါတီဟုခေါ်ဝေါ်ခဲ့ကာ လက်နက်ကိုင်ပုန်ကန်မူကိုထိုစဉ်ကာလကတည်းကစတင်ခဲ့ပါတယ်ဟူ၍ ဖတ်မှတ်သားရပါတယ်၊
လားရိူးမြို့မြောက်ဖက်ရှိတောင်ကုန်း၊တောင်တန်းထူထပ်ရာ နမ့်ခမ်းနှင့်ကွတ်ခိုင်ဒေသတို့တွင် ဗိုလ်ကြီးနော်ဆိုင်းလက်အောက်ရှိ ကချင်(၁) လက်နက်ကိုင်တပ်ဖွဲ့များ၊
စသည်ဖြင့် အသီးသီးထိန်းချုပ်ထားခဲ့ကြပါတယ်၊
ဤကဲ့သို့သောအခြေအနေများမှာ တရားရုံးချုပ်တရားသူကြီးဦးအေးမောင်ဦးဆောင်သော တရားရုံးချုပ်တရားသူကြီးများပါဝင်သည့်ရွေးကောက်ပွဲကော်မရှင်က ကြီးကြပ်၍ –
(၁၉၅၁)ခုနှစ်ဇွန်လ(၂၁) ရက်နေ့တွင်ပထမဦးဆုံးဒေသအပိုင်းအခြားလိုက်တစ်တိုင်းပြည်လုံးအနှံ့အထွေထွေရွေးကောက်ပွဲများကိုသုံးသုတ်ခွဲ၍ ပထမအသုတ်ကို ဇွန်လ၊ဒုတိယအသုတ်ကို ဘြဂုတ်လနှင့်နောက်ဆုံးအသုတ်အား အောက်တိုဘာလမှာပြုလုပ်နိုင်ခဲ့ကာ၊
လွှတ်တော်နှစ်ရပ်အတွက်မဲဆန္ဒနယ်ပေါင်း(၃၇၅) ခုရှိသည့်အနက် မဲဆန္ဒနယ်ပေါင်း(၃၅၀) အတွက်ရွေးကောက်ပွဲကျင်းပပြုလုပ်ပေးနိုင်ခဲ့ပါတယ်၊
(၁၉၅၂)ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့တွင်အရပ်ဖက်အုပ်ချုပ်မူကပုံမှန်မဟုတ်ပါပဲ လျော့တိလျော့ရဲ ဖြစ်နေသည့်နေရာဒေသများတွင်လည်း ရွေးကောက်ပွဲများကိုကျင်းပနိုင်ခဲ့သည်ကိုတွေ့ရပါတယ်၊
ထိုစဉ်ကာလတုန်းကလည်း နိုင်ငံရေးပါတီများက နိုင်ငံလုံးဆိုင်ရာ စည်းရုံးစုဖွဲ့ထားနိုင်သည် ဖြစ်စေ၊မည်ကာမတ်တပ်ပဲဖွဲ့ထားသည်ဖြစ်စေ၊လေဖန်း ဝါးတန်းချည်သည့်
ကျားကျား မီးယပ် နိုင်ငံရေးသမားများက သူတို့နဲ့ ပုလဲ နမ်သင့်သည့် သတင်းစာများကနေ ပြောဆိုနေကြတာပါပဲ၊
ယခုခေတ်ကာလမှာ မိမိတို့နိုင်ငံသားများမှ ရွေးကောက်ပွဲတို့၏ ဖြစ်လေ့ဖြစ်ထရှိနိုင်မူများကို သတိပြုကြရမှာဖြစ်ပါတယ်၊
ဖဆပလခေတ်ကာလမှာ ထိုသို့လေဖမ်း ဝါးတန်းချည်သည့် ကျားကျားမီးယပ် နိုင်ငံရေးများနောက်သို့ ထိုခေတ်ကာလက ပြည်သူအချို့က လိုက်ပါယုံစားမိခဲ့ကြလို့သာ ယနေ့အချိန်အထိ မိမိတို့နိုင်ငံက နိုင်ငံရေးလူလားမြောက်မူအားနည်းခဲ့ရကာ ထိုစဉ်တုန်းက ဝန်ထုတ်ဝန်ပိုးကြီးကို ခုထက်ထိ ဆကပြီ်းထမ်းနေချင် ကြတုန်းလားဟူ၍သာ မေးစမ်းချင်မိပါတယ်၊

စာရေးသူမှ အကြောင်းအရာတစ်ခုကို ကြုံတုန်း နည်းနည်းအသိပေးတင်ပြပါရစေ၊
နိုင်ငံရေးပါတီတစ်ခု၏ တာဝန်ရှိသူတစ်ဦးမှ သတင်းမီဒီယာ တစ်ခုနှင့် အင်တာဗျူးဖြေ ကြားမူတွင် ရွေးကောက်ပွဲကို
ဒီဇင်ဘာလ (၂၇) ရက်နေ့ကိုရွှေ့ပေးပါလို့တိုက်တွန်းတဲ့ အိပ်ဖွင့်ပေးစာကိုပေးထားပါတယ် လို့ပြောထားတာကိုတွေ့ရပါတယ်၊
၎င်းနေ့ရက်မှာ Covid ကပ်ရောဂါမရှိတော့ဘူးလားလို့ အာမခံနိုင်ပါလား၊
တစ်ခါ (၂၀၂၁) ဇန်နဝါရီလ(၄) ရက်လွတ်လပ်ရေးနေ့မှာရွေးကောက်ပွဲကျင်းပရင်လည်းရပါတယ်၊
ဟုပြောပြန်ပါတယ်၊
တစ်ခါ အစိုးရသက်တမ်းကုန်တဲ့အချိန်မှာ နောက်အစိုးရအဆင်သင့်မရှိရင်ကြားဖြတ်အစိုးရတွေဖွဲ့ရမယ့်ကိစ္စတွေရှိတယ်၊
စသဖြင့်ပြောဆိုထားတာကိုတွေ့ရပါတယ်၊
လေဖမ်း ဝါးတန်းချည်၊ကျားကျားမီးယပ်
နိုင်ငံရေးသမားများကဲ့သို့ ဖြစ်နေတာကိုတွေ့ရပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချက်ကို
ဂဃနဏ ဖတ်ပါလို့ပဲပြောချင်ပါတယ်။
မိမိတို့တိုင်းပြည်သည် တည်ဆဲဖွဲ့စည်းပုံ
အခြေခံဥပဒေအရလွှတ်တော်ကို ပုံမှန်လည်ပတ်နေပြီး အုပ်ချုပ်ရေးအခြေအနေမှာလည်းသိသိသိ သာသာ ဖြစ်စေသည့် အနှောင့်အယှက် မရှိပါ၊
လွှတ်တော်သက်တမ်းကုန်ဆုံးပါကလည်း လက်ရှိပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပေးထားသော သမ္မတဦးဆောင်သည့် အစိုးရသည် နောက်အစိုးရ၏ ဦးဆောင်မည့် သမ္မတအသစ်ရွေးချယ်တင်မြှောက်ပြီးသည့်အချိန်အထိ သူတိ့၏လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်၊ ဟုဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ(၆၁)(ခ) ၌ တိတိကျကျ ဖွင်ဲဆိုပြဌာန်းထားပါတယ်။
ပြောချင်ရာပြောနေတာက ဥပဒေမဟုတ်ပါ၊

ယခုခေတ်ကာလ ကမ္ဘာ့ရွာကြီးဟူ၍တင်စားခေါ်ဝေါ်နေသည့် (Globalization) ခေတ်ကြီးမှာ ကိုယ့်အချင်းချင်း ရန်ပြုနေကြအုန်းမှာလား၊
မိမိတို့နိုင်ငံနဲ့ နိုင်ငံသားများကို ကမ္ဘာ့ရွာကြီးနဲ့ အဆက်ပြတ်စေကြမှာလား၊
နိုင်ငံတစ်ကာမှာ သူတို့အားလုံးနဲ့ တန်းတူ ရည်တူနေချင်၊အဆက်ဆံခံချင်ကြပြီမဟုတ် ကြပေဘူးလား၊

အထက်ပါကဲ့သို့ တိုင်းပြည်က နုနု မုန်တိုင်းကထန်နေစဉ်မှာ တိုက်ခိုက်နေကြသော လက်နက်ကိုင်များက တိုင်းပြည်အနှံ့ ရှိနေတာတာင် မှရွေးကောက်ပွဲဝင်ကြမည့် လွတ်တော်ကိုယ်စားလှယ်လောင်းများကို အကြမ်းဖက်မူ၊ဥပဒေမဲ့မူဖြင့် ဖမ်းဆီးခေါ်သွားတာတွေကို မတွေ့ရပါဘူး၊ဖတ်လည်းမဖတ်ဖူးပါ၊
ယခုရက်အတွင်း ရခိုင်ပြည်နယ်၊တောင်ကုတ် မြို့နယ်မှာ ရွေးကောက်ပွဲဝင်ကြမည့်၊ဒေသအတွင်းရှိ ပြည်သူများက ဥပဒေနှင့်အညီ မဲပေးရွေးချယ်ခံကြရမည့် လွတ်တော်ကိုယ်စားလှယ်လောင်းများ၊ နှစ်ဦးမှာ လက်ရှိရွေးချယ်ခံသက်တန်းမကုန်သေးသည့် ပြည်သူ့ကိုကိုယ်စား ပြုနေဆဲလွှတ်တော်ကိုယ်စားလှယ်များလည်း ဖြစ်နေပါတယ်၊
ယခုလို တရားလက်လွှတ် ဖမ်းဆီးခေါ်ယူသွား ခြင်းသည် ပြည်သူ ပြည်သားများ၏ အခြေခံ ပိုင်ဆိုင်ခွင့်အာဏာကို မထေမဲ့မြင်ပြုမူ စော်ကားလိုက်တာဖြစ်ပါတယ်၊
ရိုင်းပြတဲ့ တရားမဲ့ ပြုကျင့်မူသာဖြစ်ပါတယ်၊

မိမိတို့မြန်မာပြည်သားအားလုံးဟာ ကမ္ဘာ့ဘယ်နေရာ၊ဘယ်နိုင်ငံကိုဘဲရောက်ရှိနေ ကြပါစေ၊
မြန်မာများသာဖြစ်ကြပါတယ်၊
ဘယ်နိုင်ငံကမှ သူကတော့ ချင်း၊ကချင်၊ကယား၊ကရင်၊မွန်၊ရှမ်း၊ရခိုင်၊ဗမာ၊ကုလား၊
အစရှိသဖြင့် သတ်မှတ်ခေါ်ဝေါ်မူမရှိကြပါဖူး၊
မြန်မာလို့သာ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်၊
ဒါသည်ကား ကမ္ဘာ့စံနူံးနဲ့ ပေးထားချက်ဖြစ်ပါတယ်၊
မိမိတို့နိုင်ငံ၏ ဒေသတွင်းနိုင်ငံတွေဖြစ်ကြတဲ့ အာဆီယံနိုင်ငံများ၊
ဥပမာ – မလေးရှားနိုင်ငံမှာရှိနေတဲ့ ကုလသမဂ္ဂမှအသိအမှတ်ပြုထားသောဒုက္ခသည်စခန်းနှင့် သူ့နိုင်ငံမှာ အလုပ်လာရောက်လုပ်ကိုင်သူများကိုလည်း သူတို့ကတော့ချင်းတွေ၊ကချင်တွေ၊ကရင်၊မွန်၊ရှမ်း၊ကယား၊ရခိုင်၊ဗမာ၊အစ္စလာမ် ကုလားရယ်လို့ခေါ်ဆိုသတ်မှတ်ထားခြင်းမရှိပါ၊အားလုံးကို မြန်မာလို့သာခေါ်ဝေါ်သုံးစွဲကြပါတယ်။
မိမိတို့မြန်မာနိုင်ငံသားများကသာ ဘယ်နိုင်ငံကိုဘဲရောက်ရှိနေပါစေ၊
အမေရိကန်ရောက်ကချင်၊ကရင်၊မွန်၊ချင်း၊ကယား၊ရှမ်း၊ရခိုင်၊ဗမာ၊ကုလားစသည်ဖြင့်
ကိုယ့်ကို ကိုယ်အုပ်စုခွဲသတ်မှတ်နေကြတာကိုတွေ့နေရပါတယ်၊
ထိုကဲ့သို့ ခွဲခြားသတ်မှတ်နေထိုင်မူကို ကမ္ဘာ့ဘယ်ဒီမိုကရေစီနိုင်ငံကမျှ အထင်မကြီးပါဘူး၊ နှာခေါင်းရှုံ့အထင်အမြင်သေးစွာ ဆက်ဆံကြပါလိမ့်မယ်၊
ကိုယ့်မွေးရပ်နိုင်ငံကို အထင်သေး၊ရှုံ့ချတတ် ပြီး၊မိမိနိုင်ငံနဲ့မိမိနိုင်ငံသားသွေးချင်း
ညီအကို မောင်နှမတွေကို ဆန့်ကျင် စော်ကားတတ်တဲ့ မည်သည့်နိုင်ငံသားကိုမဆို
ကံကျမ္မာ ကြောင့်သာနေထိုင်ကြရတဲ့ကိုယ်နေထိုင်နေ ကြရတဲ့ နိုင်ငံနဲ့ နိုင်ငံသားများက အထင်မြင်သေးကြစမြဲပါ၊
လောက ကမ္ဘာကြီးကသတ်မှတ် ပေးထားတဲ့ ပေးထားချက်တွေကို မိမိတို့မျိုးနွယ်စုအားလုံးက ဓမ္မဓိဌာန်ကျကျ စဉ်းစား လက်ခံကြဖို့လိုပါတယ်၊
ဤကဲ့သို့မြင်နိုင်ကြပါမှ မိမိတို့ မြန်မာပြည်ကြီးဟာ ညီညွတ်သော၊တန်းတူရည်တူရှိသော၊တရားမျှတသော၊
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အထိုင်ကျစေမည့် –
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ်
ကမ္ဘာမှာ ရပ်တည်နိုင်မှာမဟုတ်ပါလား၊

ဒါကြောင့် ဒီမိုကရေစီဆိုသည့် အများ၏
ဆုံးဖြတ်မူကို လက်ခံကျင့်သုံးပြီး အနည်း၏ ဆုံးဖြတ်မူသဘောထားကိုလည်း အသိအမှတ် ပြုရမှာမဟုတ်ပါလား၊
ထို့ပြင် သက်ဆိုင်သူများ၊အဖွဲ့အစည်းများသည် တာဝန်ခံမူ၊တာဝန်ယူသည်လည်းအပြည့် အဝရှိကြရမှာမဟုတ်ပါလား၊

မိမိတို့ရဲ့ ညီအကို မောင်နှမ သွေးချင်းတို့၏ ကိစ္စမှန်သမျှ မိမိတို့သားချင်း အချင်းချင်း ဆွေးနွေး တိုင်ပင် ညှိနိူင်းဆုံးဖြတ်ကြရမှာမဟုတ်ပါလား၊

ယခုလိုတိုင်းပြည်အတွက်အရေးပါသော အထွေထွေရွေးကောက်ပွဲကာလတွင် ရခိုင်ပြည်နယ်အရေးသည် ထပ်မံ ရူတ်ထွေးလာစေပါတယ်၊
ရခိုင်ပြည်သည် လူမျိုးရေးနဲ့လူမူရေး
နယ်ခြားပြသနာများကိုဖြစ်ပေါ်လာတာဟာ လွတ်လပ်ရေးမရခင်ကထဲကဆိုလျှင် မှားမည်မထင်ပါ၊
သို့ကြောင့် မြန်မာပြည်လွတ်လပ်ရေးရပြီး အဆက်ဆက်သော အစိုးရများသည်
ရခိုင်ပြည်နယ်၏ ဒေသအုပ်ချုပ်ရေးအရာထမ်း၊အမူထမ်းများ၏ အရည်အချင်းများကို ဒေသဖွံ့ဖြိုးရေးထက် ဒေသလုံခြုံရေးဖက်ကိုသာအများဆုံးမောင်းနှင်ခဲ့ကြတာကိုတွေ့ကြရမှာဖြစ်ပါတယ်၊

သို့သော်လည်း ယခုလို –
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်တည်ဆောက်ဖို့ ကြိုးစားရုန်းကန်နေရာတွင် ရခိုင်ပြည်နယ်သည်လည်း ပြည်ထောင်စုကြီး၏ အရေးပါလှသောပြည်နယ်များထဲမှ ပြည်နယ်တစ်ခုဖြစ်ပါတယ်၊
ယခုလို မိုက်မိုက် ကန်းကန်းဖြင့် အိုးရွဲ့စလောင်းရွဲ့ ပုံသဏ္ဍန်မျိုးကို –
အစိုးရ၊တပ်မတော်၊ AA၊အစရှိသူများက မိမိတို့ ပြည်ထောင်စုသားအားလုံးအတွက်အရေးကို မျှော်ကိုး ရှေးရှုကြကာ နွေးနွေးထွေးထွေး ဖြင့်ပူးပေါင်းဖြေရှင်း ကြစေရန်အရေးကြီးလိုအပ်လာလေပြီ၊
သူခိုး ဓါးရိုးကမ်းသလို အကွဲကွဲ အပြားပြား စိတ်တွေထားနေသ၍ ၊ရှိနေသမျှ ကာလပတ်လုံး ဘယ်လိုအစိုးရ၊ ဘယ်လိုခေါင်းဆောင်ဘဲ တက်လာ တက်လာ မိမိတို့နိုင်ငံဟာအခြားနိုင်ငံများထက် နိမ့်ကျမြဲ
နိမ့်ကျကျန်ရစ်နေအုံးမှာသာဖြစ်ပါတယ်ဆိုသည်ကို
တွေးဆ ကြစေချင်ပါတယ်၊

ယခုအခါမှာ AA ၏လုပ်ရပ်များမှာ တိုင်းရင်းသားဟူသော ချစ်စရာ့အသွင်များပြောက်လာကာ မိမိပြည်နယ်၊မိမိတိုင်းနိုင်ငံကို အကြမ်းဖက်ဆန်ဆန်လုပ်ရပ်များက တစ်စ တစ်စ ဖြစ်ပေါ်လာလို့နေတာကိုတွေ့နေရသလို တပ်မတော်ကလည်း အလျှော့မပေးဘူး၊လျှော့ပေးလိုက်ရင် အရှုံးပေးတာနဲ့အတူတာဘဲဆိုပြီးဖြစ်နေကြတာကိုတွေ့နေရမှာဖြစ်ပါတယ်၊
ထိခိုက်နစ်နာရတာက တိုင်းပြည်နဲ့အတူ
ရခိုင်ပြည်နယ်သားများသာဖြစ်ပါတယ်။
မိမိတို့တစ်တွေအဖြေတစ်ခုကို အရင်ဦးစွာရှာ ကြရပါလိမ့်မယ်၊

ဖွဲ့စည်းပုံအခြေခံဥပဒေမှ –
ပုဒ်မ (၂၀၄)နိုင်ငံတော်သမ္မတသည် –
(က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပိုင်ခွင့်ရှိသည်။

အထွေထွေရွေးကောက်ပွဲပြီး မြောက်သည့်အခါသမယ တွင်နိုင်ငံရေးအရ ရခိုင်ပြည်နယ်အတွက် အထက်ပါဥပဒေကို သုံးလျှင်ဖြစ် မဖြစ် စဉ်းစားလျှင်အဘယ်ကဲ့သို့ ဖြစ်နိုင်သွားမှာလဲ၊

မိမိတို့သားချင်း ညီရင်းအကို မောင်နှမများ၏ အဖြစ်အပျက် ကိစ္စမှန်သမျှ မိမိတို့အချင်းချင်း ကောင်းမွန်လာသည့် အခြေအနေ ရရှိလာအောင် ဆွေးနွေးကြမည်၊
စုပေါင်းအဖြေရှာကြမည်၊
ညှိနိူင်းကြမည်၊
ယခုလို နိုင်ငံတစ်ကာအသိုင်းအဝိုင်းကို
ပေါက်ရောက်ပြီး နိုင်ငံအများစုက ပစ်ပယ်လို့
မရနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရှိနေတဲ့၊
သူမကို ပိုင်ဆိုင်နေတဲ့ မိမိတို့ မြန်မာပြည်ကြီး၏
လက်ရှိပစ္စုပန်နဲ့အတူ အနာဂတ်ကောင်းများဆီသို့ –
ညီညာ စုစည်း၊
အင်အား စုပေါင်း၊
ရှေ့ဆက် ချီလှမ်း၊
မြဲမြန် မခွဲ၊
တည်ဆောက် ပြုပြင်၊
ကြပါစေရင်း …..

ကမ္ဘာ့ဘယ်နေရာကိုဘဲ ရောက်ရောက် –
မင်းဟာ မြန်မာ၊
ငါလည်းမြန်မာ၊
ငါတို့မြန်မာပြည် အမိမြေမှာ မွေးဖွားလာသူ
မင်းတို့၊ငါတို့ အားလုံးဟာ မြန်မာ …..

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
……….(15.10.2020)………


Spread the love
  •  
  •  
  •  
  •  
  •  
  •