မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၅.၃၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၅.၃၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

နေပြည်တော်။ အောက်တိုဘာ ၃ဝ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ၂၆ ရက် နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊ မိုင်တိုင်အမှတ်(၅) နှင့်(၆)ကြားတွင် မူးယစ်ဆေးဝါးများသယ်ဆောင်လာကြောင်းသတင်းအရ စိုင်းရွှေ(ခ)စိုင်းသိန်းနိုင် နှင့် တင်ဆန်းဦး တို့အား NISSAN DIESEL အမျိုးအစားမော်တော်ယာဉ်နှင့်အတူတွေ့ရှိရ၍ ရှာဖွေစစ်ဆေးခဲ့ရာ မော်တော်ယာဉ် ကြမ်းခင်းအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၉၀၀,၀၀၀ ပြားသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းရွှေ(ခ) စိုင်းသိန်းနိုင်(၄၃)နှစ်နှင့် တင်ဆန်းဦး(၄၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများစုံစမ်းဖော်ထုတ်လျက်ရှိကြောင်း၊ စိုင်းသိန်းနိုင်(ခ) စိုင်းရွှေ မှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရက်ကွက်၊ အမှတ်-၁၂၀(က)တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁.၅၄၆၉ သန်းဖမ်းဆီးရမိမှုနှင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၃ ရက်နေ့က မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာ၊ မောင်တော-အငူမော်ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၈.၇၇၅ သန်း ဖမ်းဆီးရမိခဲ့သည့် အမှုတို့မှကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်ကြောင်း၊ တင်ဆန်းဦးမှာလည်း ၂၀၁၉ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့က ကော့သောင်းမြို့နယ်၊ မြောက်တော်ဝင်ကျွန်းအနောက်ဘက် ရေမိုင်(၂၀)ခန့်အကွာတွင် အိုက်စ် ၁၇၃၇ ကီလို ဖမ်းဆီးရမိခဲ့သည့်အမှုမှ ကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်ကြောင်း သတင်းရရှိသည်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •