မင်္ဂလာဒုံ ပြည်လမ်းမကြီးဘေးတွင် ကား(၁)စီး သစ်ပင်အား ဝင်တိုက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

၂၉.၈.၂၀၂၀ ရက်နေ့၊ ၁၁ ၂၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမကြီးဘေးတွင် မော်တော်ယာဉ်(၁)စီး သစ်ပင်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွား ခဲ့ပါတယ်။

 

ယာဉ်မောင်း ကားခေါင်းခန်းတွင် ညပ်နေကြောင်း သတင်းရရှိသဖြင့် မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား လှည်းကူးနာရေးကူညီမှုအသင်းသူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •