” မစုရဲ့ကဗျာစိတ် “

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မစုရဲ့ကဗျာစိတ်

 

၁၉၉၉ခု ၊ စာဆိုတော်နေ့
NLD ရုံးချုပ်မှာ ဟောပြောဖို့
ကျွန်တော်နဲ့ကြည်အောင်ကို
ဖိတ်ပါတယ် ။
ပထမ ကြည်အောင်ဟောပါတယ် ၊
ဝိတိုရိယခေတ် ကဗျာများကို
ညှပ်ပြီးဟောပါတယ် ။
နောက်
မစု ။
မစုက ကျေးဇူးတင်စကားပြောပါတယ် ။
အလိုလေးလေး
မဟာသီလဝံသ ၊ မဟာရဋ္ဌသာရ၊ ရှင်ဥတ္တမကျော်
နဝဒေး ၊ နတ်ရှင်နောင်…
ဟာ
ကောက်နုတ်ကိုးကားပြီးရွတ်သွားတာ
ကျွန်တော်တို့ နှစ်ယောက် ပါးစပ်အဟောင်းသား ။
” ကိုလေး ၊ ဖြီးလို့မရဘူးနော်
မလုပ်လိုက်နဲ့
အပီလုပ် ”
ကြည်အောင်ဖျားသွားပါရောလား ။
ကစ်ပလင်းရဲ့ If ကို မြန်မာပြန် ။
အခု မင်းထင်အတွက် ကဗျာ ။
ကျွန်တော်တို့က ကဗျာသမားတွေလေ ၊
ကဗျာပေါ်ထားတဲ့စိတ်ဓာတ် ကြေနပ်တာပေါ့ ။

ကျွန်တော့စာအုပ် ” မွန်းတည့်အမီ ”
အမှာက်ို ဆရာတာရာ(ဦးလေးတာ) ၊ ဦးဝင်းတင် ၊
ကိုသာနိုးတို့ကိုအမှာရေးပေးဖို့ တောင်းပန်…
မစုကိုလဲ အမှ​ာရေးပေးဖို့ ဝင်ပြော တော့
” ဆရာ ၊ ကျမကိုအချိန်တော့ပေးရမှာနော် ”
” ဘယ်လောက်လဲ ”
” ၇ ရက် ”
” ၇ လ ယူဗျာ ” ဆိုတော့ပြုံးနေတယ် ။
၂ ရက်ပါဘဲ ၊
မန်းတိုင်းဝကခ (လောင်း) ဆရာဇော် ယူလာပါတယ် ။
ကျွန်နော့အတွက်အမှာစာလေး မြည်ကြည့်စမ်းပါ့ ။

” ဆရာ့ရဲ့ ရဲဘော် ရဲဘက်စိတ်တွေ ၊
ဆရာရဲ့မေတ္တာတွေ ၊
ဆရာ့ရဲ့သိမ်မွေ့လှတဲ့ သံဝေဂပွားဖွယ်ရာ
အသုံးအနှုန်းလေးတွေ
ကျွန်မတို့ရဲ့ပုံရိပ်တွေကို အကန့်အသတ်မရှိတဲ့
နိယာမတွေနဲ့ပုံဖော်ပေးတဲ့
ဆရာ့ကဗျာစုကို မြတ်နိုးဂုဏ်ပြုလျက် ”

အောင်ဆန်းစုကြည်

ကျွန်တော်ကဗျာဆရာဖြစ်ရတာ
အတော်ကြီးကို
ပြီးပြည့်စုံသွားပါပြီ ။

ကိုလေး(အင်းဝဂုဏ်ရည်)
၅-၉ -၂၀၂၀
ညနေ ၄:၁၀


Spread the love
  •  
  •  
  •  
  •  
  •  
  •