မတ္တရာမြို့နယ်၊ ရှင်လှတောင်ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မတ္တရာမြို့နယ်၊ ရှင်လှတောင်ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၃ရက်က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရှင်လှတောင်ကျေးရွာ၏ တောင်ဘက် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနေရာ၌ တရားမဝင်ကျွန်းသစ် (၁၃၁)လုံး (၈ တန်)အား တွေ့ရှိသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

 

အဆိုပါသစ်များ တွေ့ရှိသိမ်းဆည်းရမိစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

FD


Spread the love
  •  
  •  
  •  
  •  
  •  
  •