မနေ့က မော်လမြိုင် ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သော လူနာ၏ ဆေးစစ်အဖြေ Positive ဖြစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မနေ့က မော်လမြိုင် ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သော လူနာ၏ ဆေးစစ်အဖြေ Positive ဖြစ်

မနေ့က မော်လမြိုင် ဆေးရုံကြီး ပြင်ပလူနာဌာနတွင် ရောက်ရှိပြသနေစဉ် သေဆုံးသွားခဲ့သော လူနာ၏ ဆေးစစ်အဖြေ Positive ဟု ယနေ့ည သိရပါတယ်။

ယခုည ၁၀:၁၅ အချိန်တွင် မော်လမြိုင်​ဆေးရုံ အအေးတိုက် မှ ပိန္နဲကုန်း သုဿန်သို့ ညတွင်းချင်း ပို့ဆောင်သင်းဂြိုဟ်ပါတယ်။
( သံသယလူနာ သေဆုံးပါက ဆေးစစ်ချက်အဖြေထွက်မှ သာ သင်းဂြိုဟ်ခွင့် ပြုပါတယ်)

 

Positive လူနာ(၂)ဦးမှာ တယောက်က သေဆုံးသူ၊ တယောက်ကသူ့ဇနီးဖြစ်ပါသည်
လူနာတွေက ဆေးရုံကြီးမှာ ရှိနေပါသည်။ ရန်ကုန်မှ
ပြန်လာသူ ဖြစ်ပါတယ်။

Positive လူနာ(၂)ဦးရဲ့ သားနဲ့သမီး အပြင် သူ့တို့ရဲ့
ညီအစ်ကိုမိသားစုပါ သူတို့စိတ်နဲ့ သူတို့ Q လာဝင်ထား
ပြီးသူ ဖြစ်ပါတယ်။ နောက်ထပ် Stay Home နေနေသည့်
ရွှေတောင်ရပ်မှ Contact တွေကိုလည်း ယခု ညချင်းတွင်း
ခေါ်ယူ၍ Q စင်တာထဲ ပို့ထားပြီးပါပြီ။

DB လူနာပြခဲ့သည့် ရွှေတောင်နှင့် စစ်ကဲကုန်းရပ်မှ
ဆေးခန်း ၂ ခုအား Lock Down ချဖို့ သက်ဆိုင်ရာမှ စီစစ်
နေတယ်လို့ သိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •