မန္တလေတိုင်း၊း အမရပူရတွင် တာရိုးကျိုးပေါက်သည့်နေရာကို ကျောက်ကြီး များချပြီး စတင်ပိတ်ဆို့နေ
ရေဆိုးထုတ်မြောင်း ကျိုးပေါက်မှုကြောင့် ယမန်နေ့ည ၉ နာရီခန့်မှစတင်ကာ ကျေးရွာများအတွင်း မြစ်ရေဝင်ရောက်ခဲ့တာပါ။
လက်ရှိမှာ ကြန်တမ်း၊ မှန်တမ်း၊ ရင်တော်၊ စျေးချို စတဲ့ ရပ်ကွက်လေးခုမှ ရပ်ကွက်နေပြည်သူများကို ရေလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရကာ ရေနစ်မြုပ် သည့် အိမ်ထောင်စုဦးရေ ၁၄၀၀ ကျော်ရှိပါတယ်။
အဆိုပါ တာရိုးကျိုးပေါက်သည့်နေရာကို ယနေ့ (ဇူလိုင် ၂၀) နေ့လယ်ပိုင်းမှစတင်ကာ ကျောက်ချ ကာစတင်ပိတ်ဆို့နေပြီဖြစ်ပါတယ်။