မန္တလေးကျုံး ရေသွင်းမြောင်းအား Precast U- Channel ဖြင့် အဆင့်မြင့် တည်ဆောက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးကျုံး ရေသွင်းမြောင်းအား Precast U- Channel ဖြင့် အဆင့်မြင့် တည်ဆောက

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန် ၃၀ ရက် နံနက်၈ နာရီက ကျုံးရေသွင်းမြောင်း Precast U- Channel ဖြင့် အဆင့်မြင့် တည်ဆောက်ခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးသည်။

“နောင်အနာဂတ်မှာ မြို့ရေပေးရေးအတွက် ကျုံးရေကို စနစ်တကျ သန့်စင်ပြီး ဖြန့်ဖြူးနိုင်လျှင် မြို့တော်အတွက် အများကြီး အကျိုးရှိမှာဖြစ်ပါတယ်”ဟု မြို့တော်ဝန်က ပြောကြားသည်။

ရှေးဦးစွာ မြို့တော်ဝန်သည် အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်းတောင်ဘက်ခြမ်း၊ ရေသွင်းမြောင်း၊ Precast U- Channel ဖြင့် အဆင့်မြင့်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ယူဆောင်ရွက်သည့် တာဝန်ခံ အင်ဂျင်နီယာ ဦးနေလင်းထွန်းက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ ကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်း မှာကြားခဲ့သည်။

ရေအရင်းအမြစ်အနေဖြင့် ကျုံးရေသည် ဧရာဝတီမြစ်ရေထက် အရည်အသွေးအနေဖြင့် သာလွန်လျက်ရှိပြီး ဆည်တော်ကြီး ရေပေးရေးမြောင်းမှ တိုက်ရိုက်လာပြီး နန်းရှေ့ရေစစ်ကန်တွင် အနည်ကျအောင် မူလက ဆောင်ရွက်ထားရှိရာ လောလောဆယ်တွင် ရေစစ်ကန်ကို မဖြတ်ဘဲ ကျုံးအတွင်း တိုက်ရိုက်ရေပေးနေတာကို ပြင်ဆင်ပြီးလျှင် ရေစစ်ကန်မှာ အနည်ထိုင်စေရန် စီစဉ်လျက်ရှိပါကြောင်း၊ ရေသွင်းမြောင်းတစ်လျှောက် စည်းကမ်းမဲ့ ရေချိုးအဝတ်လျှော်ခြင်း၊ အမှိုက်စွန့်ပစ်ခြင်းတို့ကို ကာကွယ်ရင်း ရေစီးရေလာကောင်းမွန်စေရေး၊ သစ်ရွက်ခြောက်များ မကျစေရေးအတွက် ရည်ရွယ်ပြီး ၁၉ လမ်း မြို့ပတ်လမ်း ထိပ်မှ ကျုံးအဝင်အထိကို precast drain with over များဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း မြို့တော်ဝန်က ဆက်လက်ပြောကြားသည်။

အဆိုပါ precast drain သည် အကျယ် ခြောက်ပေ၊ အနက် ခြောက်ပေဖြစ်ပြီး ရေစီးဆင်းနိုင်အားမှာ 30 cusec (30 cubic feet per second) ရှိပြီး စုစုပေါင်း မြောင်းအရှည် ၇၆၆၂ပေရှိသည်။ နှစ်စဉ်ဖြစ်ပေါ်လာနိုင်သည့် နုန်းအနည်များ ရှင်းလင်းရေး ကြိုတင်ဆောင်ရွက်ထားခြင်း precast မြောင်း ခြောက်ပေအကျယ်ဖြစ်သဖြင့် ပိုလာသည့် မြေနေရာတွင် ကျူးကျော်ဝင်ရောက်မှုများ မရှိစေရေး၊ စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပင်၊ ပန်းအလှအပင်များ စိုက်ပျိုးသွားမှာဖြစ်သည်။
MRG


Spread the love
  •  
  •  
  •  
  •  
  •  
  •