မန္တလေးခရိုင်ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်လောင်းများ စတင်စီစစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးခရိုင်ရွေးကောက်ပွဲကော်မရှင်မှ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင်ကိုယ်စားလှယ်လောင်းများ စတင်စီစစ်

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစိစစ်ခြင်းလုပ်ငန်း ဩဂုတ်လ ၁၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း လွှတ်တော်အသီးသီး၌ အရွေးချယ်ခံရန် ပါတီ(၂၀)က ကိုယ်စားလှယ်လောင်း (၅၂၈)ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၁၆)ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း (၅၄၄)ဦး အမည်စာရင်း တင်သွင်းထားရာ ကိုယ်စားလှယ်လောင်းစိစစ်ခြင်းလုပ်ငန်းအား ဩဂုတ်လ ၁၁ ရက်နေ့မှ စတင်၍ စိစစ်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ(၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ယနေ့(ဩဂုတ် ၁၃ ရက်) မွန်းလွဲပိုင်းက မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ သွားရောက်၍ ကိုယ်စားလှယ်လောင်းစိစစ်ခြင်းခံယူခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းတင်သွင်းကြရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က (၉၅)ဦး၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)က (၉၅)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က (၉၄)ဦး၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)က (၉၄)ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက (၄၅)ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) က (၃၂)ဦး၊ ပြည်သူ့ပါတီ(PP)က (၁၈)ဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) က (၁၀)ဦး၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက (၁၀)ဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက (၆)ဦး၊ ဝံသာနုဒီမိုကရက်တစ်ပါတီက (၅)ဦး၊ အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီက (၅)ဦး၊ တအောင်း(ပလောင်)အမျိုးသားပါတီက (၄)ဦး၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေး)က (၄)ဦး၊ အမျိုးသားတိုးတက်ရေးပါတီက (၃)ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက (၃)ဦး၊ အခြေခံလူတန်းစားဘဝမြင့်တင်ရေးပါတီက (၂)ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက (၁)ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရစီအဖွဲ့ချုပ်ပါတီက (၁)ဦး၊ အမျိုးသားညီညွှတ်ရေးကွန်ဂရက်ပါတီက (၁)ဦး၊ တစ်သီးပုဂ္ဂလ (၁၆)ဦး တင်သွင်းထားကြသည်။

 

 

 

၁၃၊၈၊၂၀၂၀
Aung San Myint


Spread the love
  •  
  •  
  •  
  •  
  •  
  •