မန္တလေးခရိုင်အတွင်း COVID-19 ရောဂါအတည်ပြုလူနာ (၇၂)ဦး ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးခရိုင်အတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၇၂)ဦး ရှိ

မန္တလေးခရိုင်အတွင်း(၂၀-၉-၂၀၂၀) ရက်နေ့အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၇၂)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

မန္တလေးခရိုင်အတွင်းရှိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ အောင်မြေသာစံမြို့နယ်တွင် (၄)ဦး၊ ချမ်းအေးသာစံမြို့နယ်တွင် (၁၈)ဦး၊ မဟာအောင်မြေမြို့နယ်တွင် (၁၂)ဦး၊ ချမ်းမြသာစည်မြို့နယ်တွင် (၆)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် (၃)ဦး၊ အမရပူရမြို့နယ်တွင် (၂၄)ဦး၊ ပုသိမ်ကြီးမြို့နယ်တွင် (၅)ဦးစီ ရှိကြောင်း (၂၀-၉-၂၀၂၀) ရက်နေ့အထိ စာရင်းများအရ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း (၂၀-၉-၂၀၂၀)ရက်နေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၁၅၇)ဦး ရှိပြီဖြစ်သည်။
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •