မန္တလေးခရိုင် အတွင်း stay at home ကာလနေအိမ်အပြင်ထွက်ခွင့်နဲ့ အသိအမှတ်ပြု ကတ်ပြားတွေအတွက် ငွေကြေး တောင်းခံလျင်အရေးယူမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးခရိုင် အတွင်း stay at home ကာလနေအိမ်အပြင်ထွက်ခွင့်နဲ့ အသိအမှတ်ပြု ကတ်ပြားတွေအတွက် ငွေကြေး တောင်းခံလျင်အရေးယူမည်

 

 

 

မန္တလေးခရိုင်အတွင်းမှာ ဒီဇင်ဘာ ၅ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက်အထိ stay at home နေဖို့ အသိပေးကြေညာထားတဲ့ အပေါ် ရပ်ကွက်အသီးသီးမှာ ဈေးဝယ်ခွင့် နေအိမ်အပြင်ထွက်ခွင့်၊ ဆေးခန်း ပြသခွင့်နဲ့ ကင်းလွတ်ခွင့် ပေးထားတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခွင့်အတွက် အသိအမှတ်ပြု ကတ်ပြားတွေ၊ ထောက်ခံစာတွေကို သတ်မှတ်စည်းကမ်းအတိုင်း ဆောင်ရွက်နေတာ ရှိပါတယ်။

ယခုလို ဆောင်ရွက်ပေးတဲ့ အခါမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ အချို့က အခကြေးငွေရယူ ဆောင်ရွက်နေ တယ်လို့ လူမှုကွန်ရက် စာမျက်နှာများမှာရော၊ မြေပြင်မှာရော ပြောဆိုနေကြတာတွေ တွေ့လာရပါတယ်၊

ဒီကိစ္စနဲ့ ပတ်သက်ပြီး မိဘပြည်သူများကို တင်ပြလိုတာက အခကြေးငွေ ကောက်ခံနေတာတွေဟာ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က လုံးဝ(လုံးဝ) ခွင့်ပြုထားခြင်း မရှိပါဘူး၊ သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစိးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူးများကိုလည်း သွားလာခွင့် ကဒ်ပြားများကိစ္စနှင့် ပတ်သက်၍ ငွေကြေးကောက်ခံခြင်း မပြုရန် မှာကြားထားပြီး ဖြစ်ပါတယ်။

အကယ်၍ အခွင့်အရေးယူပြီး အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံနေတာရှိရင် တိုင်ကြားနိုင်ပါတယ်၊ ကျွန်တော့်ရဲ့ Face book Page ရယ်၊ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးတွေထံမှာ အထောက်အထားနဲ့ တိုင်ကြားလို့ ရပါတယ်၊ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာပါ။

ဒေါက်တာဇော်မြင့်မောင်

 


Spread the love
  •  
  •  
  •  
  •  
  •  
  •