မန္တလေးတိုင်းတွင် COVID-19 ရောဂါ အတည်ပြုလူနာ (၁၁၄)ဦး ရှိပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်းတွင် COVID-19 ရောဂါ အတည်ပြုလူနာ (၁၁၄)ဦး ရှိပြီ

မန္တလေးတိုင်းတွင် COVID-19 ရောဂါ အတည်ပြုလူနာ (၁၁၄)ဦး ရှိပြီဖြစ်ကြောင်းနှင့် အတည်ပြုလူနာ ထပ်တိုးနိုင်သည့်အတွက် ကုတင် ၃၀၀ ဆေးရုံ၌ လူနာများ ထားရန်အတွက် ပြင်ဆင်မှုများလုပ်ထားကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယနေ့(စက်တင်ဘာ ၁၆) ညပိုင်းတွင် ပြောသည်။

“မန္တလေးပြည်သူကို သိစေချင်တာလည်းတင်ပြချင်ပါတယ်။ အခုမန္တလေးမှာ ရောဂါရှိသူ (၁၁၄)ဦးပါ။ ကန်တော်နဒီဆေးရုံ ပြည့်လို့ ကုတင် ၃၀၀ ဆေးရုံမှာ ပြင်ထားရပါပြီ။ ဒီနေ့ညလည်း ပိုးတွေ့လူနာရှိအုံးမှာပါ။”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

လူစုလူဝေးဖြစ်စေမည့် စုရုံးမှုမျိုးကို ရှောင်ကျဉ်ကြပါလို့အထူးမေတ္တာရပ်ခံလိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်ခြင်းသည် မိမိအတွက်ရော သူတစ်ပါးအတွက်ပါ ကာကွယ်သလိုဖြစ်သည့်အတွက် အာလုံးလိုက်နာခြင်းအားဖြင့် လူ့အဖွဲ့စည်းတစ်ခုလုံး ကာကွယ်နိုင်ပါလိမ့်မည်ဖြစ်ကြောင်း၊ ကျန်းမာစွာဖြင့် နိုဝင်ဘာ ၈ ရက်တွင် NLD ကို မဲပေးခြင်းဖြင့်သာ ထောက်ခံမှုကို ပြကြရန်နှင့် ယခုချိန်တွင် ရောဂါမဖြစ်ပွားအောင် ဂရုတစ်စိုက် နေထိုင်ကြပါရန် တိုက်တွန်းပါကြောင်း ထပ်မံပြောကြားသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •