မန္တလေးတိုင်းဒေသကြီးမှာသုံးဖို့ COVID-19 Mobile Swab Collection Vehicle (၈) စီးလှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

(COVID-19)ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မန္တလေးတိုင်းဒေသကြီးမှာ သုံနိုင်ဖို့ အလှူရှင်‌တွေက COVID-19 Mobile Swab Collection Vehicle (၈) စီး မနက်က လာလှူပါတယ်။

အသွားအလာ ကန့်သတ်ထားတဲ့ နေရာတွေမှာ နေထိုင်နေကြတဲ့ သူတွေ၊ ကုန်စည် ပို့ဆောင်ရေးမှာ အဆင်ပြေ ချောမွေ့စေဖို့ ဆောင်ရွက်နေတဲ့ ဂိတ်တွေရှိတယ်၊ ဂိတ်တွေမှာ ကျန်းမာရေး ဝန်ထမ်းတွေက Swab နမူနာ ယူပေးရပါတယ်၊ PPE ဝတ်ပြီး ယူတဲ့အခါ အဆင်ပြေတဲ့နေရာ ရှိသလို အဆင်မပြေတဲ့ နေရာတွေ ရှိတယ်၊ ဒီယာဉ် အသုံးပြုပြီး Swab ယူတဲ့ ကျန်းမာရေး ဝန်ထမ်းတွေက အကာအကွယ်တွေနဲ့ အန္တရာယ် ကင်းကင်းနဲ့ အဆင်ပြေချောမွေ့စွာ ယူနိုင်မှာပါ။ Safety ဖြစ်မယ်။

လိုအပ်တဲ့ နေရာတွေမှာ Mobile ယာဉ်နဲ့ Swab နမူနာ ရယူတဲ့အခါ အသုံးပြုမှာ ဖြစ်တာကြောင့် လုံခြုံ စိတ်ချရမှု၊ သက်တောင့်သက်သာ ဖြစ်မှုနဲ့၊ လျင်မြန်မှုတွေ ပိုရလာတော့မှာပါ။ အဲ့ဒီယာဉ်မှာ ကျန်းမာရေး အထောက်အကူပြု ဆက်စပ် ပစ္စည်းတွေ လေအေးပေးစနစ်၊ Electrical Safety စနစ်တွေလည်း ပါတယ်။

အလှူရှင် (၇) ဖွဲ့က လှူတာ ဖြစ်ပါတယ်။ အလှူရှင်တွေကို ပြည်သူလူထု ကိုယ်စား၊ ကျန်းမာရေးအဖွဲ့တွေ ကိုယ်စား၊ တိုင်းအစိုးရ ကိုယ်စား ကျေးဇူးတင်ပါတယ်။

Dr Zaw Myint Maung


Spread the love
  •  
  •  
  •  
  •  
  •  
  •