မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် MBCCD မှ မိတ္ထီလာမြို့နယ် မွေကျေးရွာနှင့် ကျောက်ဖူးကျေးရွာတို့တွင် စက်ဘီး (၆၅၀)စီး လှူဒါန်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် MBCCD မှ မိတ္ထီလာမြို့နယ် မွေကျေးရွာနှင့် ကျောက်ဖူးကျေးရွာတို့တွင် ကျောင်းသား၊ ကျောင်းသူများအတွက် စက်ဘီး (၆၅၀)စီး လှူဒါန်းပွဲကို ဇွန်လ ၁၉ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးများ တက်ရောက်လှူဒါန်းကြသည်။
ဓာတ်ပုံ-ဘိုဘို
#TheMandalayNewsJournal