မန္တလေးတိုင်းဒေသကြီးအတွင်း NLD ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရရှိ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မန္တလေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်မြေများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း (၉၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်း မဲရေတွက်ပြီးစီးမှုများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရရှိကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီထံမှ ကနေဦးသတင်းရရှိသည်။
#TheMandalayNewsJournal