မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အား မြန်မာနိုင်ငံအခြေစိုက် အမေရိကန်ကုန်သည်များအသင်းမှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အား မြန်မာနိုင်ငံအခြေစိုက် အမေရိကန်ကုန်သည်များအသင်း (American Chamber of Commerce In Myanmar)မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် မြန်မာနိုင်ငံအခြေစိုက် အမေရိကန်ကုန်သည်များအသင်း (American Chamber of Commerce in Myanmar)မှ ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့ဝင်များအား သြဂုတ် ၂၆ ရက် နံနက် ၁ဝ နာရီခွဲက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံနှုတ်ဆက်သည်။

ထိုသို့ လက်ခံတွေ့ဆုံရာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ် ရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ တက်ရောက်ကြပြီး ကိုဗစ်ကာလအတွင်း စီးပွားရေးပြန်လည်ကောင်းမွန်လာရန် အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •