မန္တလေးတိုင်းအစိုးရအနေနဲ့ တိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျှက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ တိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ လုပ်ငန်းတွေကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျှက် ရှိနေပါတယ်။

ဒီနေ့ နံနက်ပိုင်းမှာတော့ ချမ်းမြသာစည်မြို့နယ် အတွင်းမှာ ရှိတဲ့ ဘောလုံး အကယ်ဒမီကျောင်းကို ပိုးတွေ့လူနာများနဲ့ ထိတွေ့သူများ ထားရှိဖို့အတွက်ကြိုတင်ပြင်ဆင် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တိုင်းဦးစီးမှူးအဖွဲ့နဲ့ အတူ
သွားရောက် ကြည့်ရူခဲ့ပြီး လိုအပ်ချက်တွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပေါင်းစပ် ညှိနိူင်းခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး အတွင်းမှာ Convid-19 အတည်ပြုသူများ တိုးမြှင့် တွေ့ရှိလာမှုနဲ့ အတူ အတည်ပြုလူနာတွေနဲ့ ထိတွေ့ ဆက်စပ်သူတွေ များလာနိုင်တဲ့ အတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

တိုင်းဒေသကြီး အတွင်းမှာ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ လုပ်ငန်းများ ပိုမို ဆောင်ရွက် နိုင်ရန်အတွက် ယခု ပြင်ဆင် ဆောင်ရွက်နေတဲ့ ဧရာ၀တီစင်တာ အပြင် ပြင်ဦးလွင်ခရိုင် အတွင်းမှာရှိတဲ့ ကုတင် ၅၀ ဆံ့ ဇီပင်ကြီးဆေးရုံ မှာလည်း အတည်ပြု Positive လူနာ ၄၀ ဦး ထားရှိရန် ဆောင်ရွက် ထားပြီး ဖြစ်ပါတယ်။ ထပ်မံ လိုအပ်လာမယ် ဆိုရင်လည်း သင့်လျော်မယ့် အခြားနေရာတွေ မှာလည်း ပြင်ဆင် ဆောင်ရွက်ဖို့ စီမံဆောင်ရွက်လျက် ရှိပါတယ်။

မိဘပြည်သူများ အနေနဲ့လည်း ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေး ထုတ်ပြန်ထားတဲ့ ပြည်သူများ သိရှိစေရန် အသိပေးကြေငြာချက်တွေ ကိုလည်း တိတိကျကျ လိုက်နာ ဆောင်ရွက်စေချင်ပါတယ်။

အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်။

မိဘပြည်သူများ အားလုံး
ရောဂါဘယ ကင်းရှင်းကြပါစေ။


Spread the love
  •  
  •  
  •  
  •  
  •  
  •